Movie Name
No Other Love (2026)
Year
2026
Generes
Crime, Drama, Romance
Code
CN1134
Type
Movie
Size
743 MB
Country
China
Description
ဒီဇာတ်ကားကတော့ ၂၀၁၆ခုနှစ်ကတည်းကရိုက်ခဲ့ပေမယ့် နဂိုကပါဝင်သရုပ်ဆောင်တဲ့မင်းသားတစ်ယောက်ကြောင့် တရုတ်ပရိသတ်တွေအပြင်းအထန်ကန့်ကွက်ခဲ့လို့ မင်းသားပြောင်းပြီး ၂၀၂၆ခုနှစ်မှရုံတင်ရတဲ့ တရုတ်နာမည်ကျော်မင်းသမီးကြီး Zhao Weiက ဒါရိုက်တာအနေနဲ့ရိုက်ထားတဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်။ Zhao Wei ရဲ့ပထမဆုံးလက်ရာဖြစ်တဲ့ So Young (2013)အရမ်းအောင်မြင်ခဲ့တာကြောင့် ဒုတိယကားကိုလဲ အားလုံးကအများကြီးမျှော်လင့်ထားကြပါတယ်။သာမန်အချစ်ကားမျိုးမဟုတ်ပဲ လူ့စိတ်ရဲ့အမှောင်ဘက်အခြမ်းနဲ့ အစွဲအလမ်းတွေကိုခံစားချက်ပြင်းပြင်းနဲ့ပုံဖော်ထားတဲ့ Suspense Crime Drama ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း.....သက်လတ်ပိုင်းအရွယ် စိုက်ပျိုးရေးသိပ္ပံဌာနမှာ ပိုးကောင်လေးတွေကြားမှာပဲ ဘဝကိုနှစ်မြှုပ်ထားတဲ့မိန်းမတစ်ယောက်......အချစ်ရေးမှာအကြိမ်ကြိမ်လွဲချော်ခဲ့ဖူးလို့ အချစ်ကိုမမျှော်လင့်တော့တဲ့အချိန်မှာ စာရေးဆရာခို့ရိကိုတွေ့လိုက်တဲ့အချိန်မှာ မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမယ့် သူ့ရဲ့အချစ်က သာမန်မဟုတ်ပဲ အစွဲအလန်းကြီးတဲ့ အချစ်ဖြစ်သွားတဲ့အချိန်မှာတော့ ခို့ရိနောက်ကိုတိတ်တိတ်လေးလိုက်ကြည့်တဲ့အထိဖြစ်သွားပါတယ်။ ကံကြမ္မာကအခွင့်အရေးပေးချင်တော့ သူချစ်နေတဲ့စာရေးဆရာနဲ့ အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ သူ့အတွက်တော့ သူရဲ့အိပ်မက်ထဲကချစ်သူနဲ့နီးစပ်ဖို့အခွင့်အရေးလို့မြင်လာပါတယ်။ ဒါပေမယ့် အခြေအနေတွေကမျှော်လင့်ထားသလိုမဟုတ်ပဲ ဒီခရီးက အသက်တွေရင်းရတဲ့ခရီးဖြစ်သွားတဲ့အခါမှာတော့ လမ်းတစ်လျှောက်လုံး ထူးဆန်းတဲ့လူသတ်မှုတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး အခြေအနေတွေက ထိန်းချုပ်လို့မရတော့တဲ့အထိဖြစ်လာပါတော့တယ်