Movie Name
The Punisher One Last Kill (2026)
Year
2026
Generes
Action, Crime, Drama
Code
EN4739
Type
Movie
Size
422F MB
Country
Hollywood
Description
Frank Castle ကြီးဟာ သူ့မိသားစုအတွက် ကလဲ့စားချေပြီးသွားတဲ့နောက်ပိုင်း သွေးထွက်သံယိုကိစ္စတွေနဲ့ ဝေးဝေးနေဖို့ ကြိုးစားရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ လုပ်နေတဲ့အချိန်ကနေ စထားတယ်။ ဒါပေမဲ့ ခပ်ဆိုးဆိုး ဂိုဏ်းစတားခေါင်းဆောင် Ma Gnucci က သူ့ကို လာရန်စပြီး လူမိုက်တွေလွှတ် လုပ်ကြံခိုင်းတဲ့အခါမှာတော့ ငြိမ်နေတဲ့ကျား အမြီးအဆွဲခံလိုက်ရသလို ဖြစ်သွားပါတော့တယ်။ မင်းသားကြီး Jon Bernthal ကပဲ Frank Castle နေရာကနေ ပြန်ပါလာပြီး အရင်ကထက်ကို ပိုပြီး ကြမ်းရမ်းပြထားပါတယ်။ ဇာတ်လမ်းရဲ့ အသက်ကတော့ အက်ရှင်ခန်းတွေပါပဲ။ တိုက်ခိုက်ခန်းတွေက John Wick ကို အဆပေါင်းများစွာ မြှောက်ထားသလိုပဲ သွေးထွက်သံယို အလွန်များပြီး R-rating ပီပီ အရမ်းကို ကြမ်းပါတယ်။ အချိန်တိုတဲ့အတွက် ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အရမ်းကြီး အသေးစိတ် မဆွဲဆန့်ထားဘဲ အက်ရှင်နဲ့ လိုရင်းကိုပဲ သွားထားတာမို့ အီသွားတာမျိုး၊ ပျင်းသွားတာမျိုး လုံးဝမရှိပါဘူး။ အကြမ်းစား တိုက်ခိုက်ခန်းတွေနဲ့ Frank Castle ကြီးရဲ့ အငွေ့အသက်တွေကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ အပန်းဖြေရင်း အမုန်းကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Frank Castle ကြီးဟာ သူ့မိသားစုအတွက် ကလဲ့စားချေပြီးသွားတဲ့နောက်ပိုင်း သွေးထွက်သံယိုကိစ္စတွေနဲ့ ဝေးဝေးနေဖို့ ကြိုးစားရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ လုပ်နေတဲ့အချိန်ကနေ စထားတယ်။ ဒါပေမဲ့ ခပ်ဆိုးဆိုး ဂိုဏ်းစတားခေါင်းဆောင် Ma Gnucci က သူ့ကို လာရန်စပြီး လူမိုက်တွေလွှတ် လုပ်ကြံခိုင်းတဲ့အခါမှာတော့ ငြိမ်နေတဲ့ကျား အမြီးအဆွဲခံလိုက်ရသလို ဖြစ်သွားပါတော့တယ်။ မင်းသားကြီး Jon Bernthal ကပဲ Frank Castle နေရာကနေ ပြန်ပါလာပြီး အရင်ကထက်ကို ပိုပြီး ကြမ်းရမ်းပြထားပါတယ်။ ဇာတ်လမ်းရဲ့ အသက်ကတော့ အက်ရှင်ခန်းတွေပါပဲ။ တိုက်ခိုက်ခန်းတွေက John Wick ကို အဆပေါင်းများစွာ မြှောက်ထားသလိုပဲ သွေးထွက်သံယို အလွန်များပြီး R-rating ပီပီ အရမ်းကို ကြမ်းပါတယ်။ အချိန်တိုတဲ့အတွက် ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အရမ်းကြီး အသေးစိတ် မဆွဲဆန့်ထားဘဲ အက်ရှင်နဲ့ လိုရင်းကိုပဲ သွားထားတာမို့ အီသွားတာမျိုး၊ ပျင်းသွားတာမျိုး လုံးဝမရှိပါဘူး။ အကြမ်းစား တိုက်ခိုက်ခန်းတွေနဲ့ Frank Castle ကြီးရဲ့ အငွေ့အသက်တွေကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ အပန်းဖြေရင်း အမုန်းကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။