-
Movie Name
-
Fate Chooses You (သံသရာရည်စူး ဖန်ဆင်းစေသော်)(2026)
-
Year
-
2026
-
Generes
-
Drama
-
Code
-
SC1123
-
Type
-
Series
-
Size
-
13.9 GB
-
Country
-
China
-
Description
-
1-40 Complete
မင်္ဂလာပါ souler လေးတိုရေ ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အချစ်တော်မင်းသားကြီး ကိုကို Ren Jia Ren (Allen Ren) ရဲ့ရသပေါင်းစုံနဲ့ကြည့်ရမဲ့ Wuxia, Fantasy ဇာတ်လမ်းတွဲအသစ်လေးပါနော်
ဇာတ်လမ်းအညွှန်း
ရှေးလွန်လေပြီးသော လောကအစကာလမှာ မိုးနတ်မင်းကြီးဟာ နတ်မျိုးနွယ်တွေအတွက် လိုက်နာရမဲ့ သတ်မှတ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်...
အဲဒီသတ်မှတ်ချက်ကို မလိုက်နာချင်ခဲ့တဲ့ Zhangui မျိုးနွယ်စုဟာ မသေမျိုးလောကနဲ့ သေမျိုးလောကကြားက အကာအရံတွေကို ချိုးဖျက်ပြီး ပုန်ကန်ခဲ့ကြတာမလို သူတိုမျိုးနွယ်စုရဲ့ အမြင့်ဆုံးစွမ်းအားကို ဘယ်သောအခါမှ ကျင့်ကြံလိုမရနိုင်တဲ့ အပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်...
ကံဆိုးမသွားရာ မိုးလိုက်လိုရွာဆိုသလို Shenyin ခေတ်ကာလရောက်ချိန်မှာ Jinwu မျိုးနွယ်စုခေါင်းဆောင် Jin Lin ရဲ့မှားယွင်းတဲ့ အမိန့်တစ်ခုကြောင့် မသေမျိုးဘုံရန်သူတွေ ပတ်လည်ဝိုင်းတာကို ထပ်ခံလိုက်ရတဲ့ ကျန်းကွေ့မျိုးနွယ်ဟာ နာလန်မထူနိုင်အောင် ဖြစ်သွားပါတော့တယ်
မျိုးနွယ်စုတစ်ခုလုံးဟာ အတိဒုက္ခ ၆ မျိုးကို ကျော်ဖြတ်ပြီး မျိုးနွယ်စုရဲ့စွမ်းအားအပြည့်အဝကို ပြန်နိုးထစေနိုင်မဲ့ သူကို မျှော်လင့်တကြီး စောင့်စားကြရုံကလွဲ ရွေးစရာမရှိတော့ပါဘူး...
အဲဒီလိုနဲ့ နှစ်တစ်သောင်းကြာချိန်မှာ Lu Qian Qiao (Ren Jia Lun ) မွေးဖွားလာခဲ့ပြီး ကျန်းကွေ့မျိုးနွယ်အတွက် မျှော်လင့်ချက်တွေ ရှင်သန်လာချိန် .....
Tianyuan ဂိုဏ်းရဲ့ အပြင်စည်းတပည့်မလေး Xin Mei (Rain Wang) ဆိုတဲ့ ကျင့်ကြံနိုင်စွမ်းမရှိတဲ့ မိန်းကလေးနဲ့ ကြီးလေးတဲ့ တာဝန်ကြီးကို ပခုံးထမ်းထားရတဲ့ Lu Qian Qiao ဟာ အဖြစ်အပျက်တစ်ခုကြောင့် အတိဒုက္ခ ၆ ခုကို အတူဖြတ်ကျော်ရဖို ဖြစ်သွားတဲ့အခါ ....
သူတိုအတူတူ ကပ်ဘေး၆ခုကို ကျော်လွှားနိုင်ပါ့မလား .....
Lu Qian Qiao ကရော Zhan Guiမျိုးနွယ်စုက စောင့်မျှော်နေတဲ့ ကယ်တင်ရှင်ကြီး တကယ် ဖြစ်နေမှာလား ဆိုတာကိုတော့ ဒီဇာတ်လမ်းကိုစောင့်ကြည့်ရင်းတွေ့ရမှာပေါ့နော်....