Movie Name
Sweet Blood (2026)
Year
2026
Generes
Drama, Fantasy, Sci-Fi
Code
SKR1176
Type
Series
Size
563 MB
Country
Korea
Description
နှစ် ၁၀၀ မှာ တစ်ကြိမ် လကြတ်တဲ့နေ့မှာသာလျှင် သွေးစုပ်ဖုတ်ကောင် လောကနဲ့ လူသားလောကအကြားရှိ တံခါးပေါက်ဟာ ပွင့်လေ့ရှိပါတယ် .. သွေးစုပ်ဖုတ်ကောင်လောကမှာ လူသားသွေး သောက်သုံးခြင်းကို တားမြစ်ထားတဲ့အတွက် လူစီဖာအမည်ရတဲ့ သွေးစုပ်ဖုတ်ကောင် အိမ်ရှေ့မင်းသားငယ်ဟာ .. လကြတ်ပြီး လူသားလောကကို သွားတဲ့ တံခါးပေါက်ပွင့်သွားတဲ့အချိန်မှာ .. လူသားလောကကို ကူးလာခဲ့ပြီး လူသားကမ္ဘာဆီ ရောက်လာခဲ့ပါတယ် ။ လူသားကမ္ဘာထဲက မင်အူဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးကတော့ အလုပ်ကြိုးစားပြီး ကျောင်းစရိတ်အတွက် စုဆောင်းကာ ဘဝကို ရုန်းကန်နေရတဲ့အပြင် .. သူ့မှာ ရှားပါးရောဂါတစ်ခုဖြစ်တဲ့ သွေးထွက်သံယိုဖြစ်ရင် အသက်ကိုပါ ထိခိုက်နိုင်တဲ့ရောဂါမျိုးကို ခံစားနေရပါတယ် ။ တစ်နေ့မှာ မင်အူတစ်ယောက် ယာဉ်မတော်တဆဖြစ်တဲ့အခါ သွေးအနံ့ကြောင့် လူစီဖာက မင်အူဆီကို ရောက်လာခဲ့ပါတယ် ။ ဒါပေမဲ့လည်း ဆန်းကြယ်စွာပဲ လူစီဖာဟာ သတိမေ့သွားခဲ့တဲ့အတွက် မင်အူ အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ် ။ ဒီကံကြမ္မာရေစက်ကနေ သူတို့နှစ်ယောက်ဟာ အနေနီးလာရင်း ခံစားချက်တွေ ဖြစ်ပေါ်လာကြပြီးနောက်မှာ ဘယ်လိုတွေ ဆန်းကြယ်မှုတွေကို ကြုံလာရမလဲ .. အချစ်ခံစားချက်တွေ အများကြီးထဲမှာ ဘဝခြားနေတဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းခံစားချက်က ဘယ်လိုမျိုး ဖြစ်မလဲ .. ချစ်ခင်ယုယခြင်းတွေ ပြည့်စုံနေပေမဲ့လည်း မတူညီတဲ့ဘဝနှစ်ခုကြောင့် ဘယ်လိုသောကနဲ့ ကြေကွဲစရာတွေလည်း ရှိနိုင်မလဲ ကြိုးစားတိုင်းရော ဘဝနှစ်ခုက ပေါင်းစည်းနိုင်မှာလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမယ့် ကားလေး ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားလေး မင်အူအဖြစ် အီဆန်းမင်းက သရုပ်ဆောင်ထားပြီး သွေးစုတ်ဖုတ်ကောင်မင်းသားလေး လူစီဖာအဖြစ် အင်ဂျယ်မင်းက သရုပ်ဆောင်ထားပါတယ်။