Movie Name
Fourever You Part 2 (2026)
Year
2026
Generes
Drama
Code
ST1156
Type
Series
Size
2.38 GB
Country
Thai
Description
1-8 Complete "သူငယ်ချင်းဆိုတဲ့ စည်းကိုကျော်ပြီးတော့ အဖြေရှာမဲ့ နှလုံးသား ၃စုံတွဲရဲ့ ပုံပြင်ဇာတ်လမ်းလေး" အီစတာနဲ့ နော့တို့ သူငယ်ချင်းတစ်စုရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရှုပ်ထွေးပွေလီလှတဲ့ ဆက်ဆံရေးလှိုင်းလုံးကြီးတွေက တစ်ကျော့ပြန်လည် နိုးထလို့လာခဲ့ပါပြီ။ Season 2မှာတော့ CPစုံတွဲ၃တွဲဖြစ်တဲ့ (Bever-Tonliew) (Ngern-Oat) (Pie-Golf) တို့ရဲ့ မတူညီတဲ့ရသ၊ မတူညီတဲ့ ခံစားချက်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ တွန်ဖာ နဲ့ တိုင်ဖွန်း "တိမ်တိုက်ထဲက နာကျင်စရာ ကောင်းကင်ပြာ" တွန်ဖာနဲ့ တိုင်ဖွန်းတို့ဟာ ပြန်လည်တွေ့ဆုံခဲ့ကြပေမဲ့ သူတို့မှာရှိနေတဲ့ ဒဏ်ရာတွေဟာ နာကျင်လို့နေဆဲပါပဲ။ တိုင်ဖွန်းကတော့ ဘာတွေပဲဖြစ်လာပါစေ တွန်ဖာ့ဘဝထဲကို ပြန်ဝင်ဖို့ကြိုးစားရင်းနဲ့ သူတို့ကြားထဲမှာရှိတဲ့ နာကျင်စရာအတိတ်တွေကို အချစ်နဲ့ ပြန်လည်ကုစားနိုင်သွားမှာလား ......... အာထစ် နဲ့ ဒေါင်တော့ခ် "မမြင်ရတဲ့ ကမ္ဘာနှစ်ခုရဲ့ ဆုံမှတ်" ဝိညာဉ်တွေနဲ့ စကားပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းအင်ရှိပြီးတော့ အနုပညာဝါသနာအိုးလေး ဒေါင်တော့ခ်တစ်ယောက် အိမ်နီးချင်းဖြစ်သူ အာထစ်ရဲ့ တောင်းဆိုချက်အရ အာထစ်ရဲ့မိခင်ဝိညာဉ်ကို လိုက်ရှာပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ဒေါင်တော့ခ်တစ်ယောက် အာထစ်ရဲ့ မိခင်ဝိညာဉ်ကို လိုက်ရှာပေးရင်းကနေ သူတို့နှစ်ယောက်ကြားထဲမှာ အသက်ဝင်လာတဲ့ ရင်ခုန်သံတွေ ဘယ်လို ပွင့်လန်းလာမှာလဲ .......... တိုက်ဂါး နဲ့ ဒေးနောင် "အမုန်းကစတဲ့ နွေးထွေးစရာ ရင်ခွင်လေး" ဩဇာရှိတဲ့ မိသားစုရဲ့ အငယ်ဆုံးသားလေး အမြဲ အထီးကျန်နေတတ်တဲ့ တိုက်ဂါးဟာ ဘောလုံးအသင်း လူရွေးပွဲမှာ အတန်းဖော် ဒေးနောင်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အစပိုင်း တွေ့ဆုံမှုမှာ အခြေအတင်ဖြစ်ခဲ့ပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ အမုန်းကနေ နွေးထွေးမှုအဖြစ်ပြောင်းလဲလာရင်း တိုက်ဂါးတစ်ယောက် သူငယ်ချင်းဆိုတဲ့ စည်းကို ဘယ်လို ကျော်ဖြတ်သွားမလဲ ....... အစရှိတဲ့ အချစ်ဇာတ်လမ်း၃ပုဒ်ကို မျက်ရည်တွေ နှုတ်ဆက်ခြင်းတွေ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့အတူ သူငယ်ချင်းဆိုတဲ့ စည်းပါးပါးလေးကြားမှာ ဘယ်လို ရုန်းကန်လှုပ်ရှားရင်းနဲ့ ချစ်ခြင်းနယ်ပယ်ထဲကို တိုးဝင်ကြမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး.......