Movie Name
Mr. X (2026)
Year
2026
Generes
Action, Thriller
Code
IND1845
Type
Movie
Size
1.22 GB
Country
Bollywood
Description
FIR ရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ ဒါရိုက်တာ မာနူအာနန်က အခုတစ်ခါမှာတော့ တောင်ပိုင်းမင်းသား အာရ်ယာ၊ ဂေါ်သမ်ကာသစ်တို့နဲ့အတူ နိုင်ငံတကာအဆင့်မီ စပိုင်အက်ရှင်သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကြီးတစ်ကားကို ထပ်ဖန်တီးလိုက်ပြန်ပါပြီ။. ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ အဖျက်စွမ်းအားပြင်း အဏုမြူလက်နက်တစ်ခုဟာ အကြမ်းဖက်သမားတွေလက်ထဲကို ရောက်သွားခဲ့ပါတယ်။ ဒီလက်နက်ကို ပြန်လည်ရယူဖို့အတွက် အိန္ဒိယထောက်လှမ်းရေးအဖွဲ့ (RAW) က အတော်ဆုံးအေးဂျင့်တွေကို စေလွှတ်ခဲ့ပေမဲ့ မစ်ရှင်အတွင်းမှာတင် အဖွဲ့ရဲ့ အဓိကကျတဲ့ အေးဂျင့် မစ္စတာ X ပျောက်ဆုံးသွားတဲ့အခါ အခြေအနေတွေက ပိုမိုရှုပ်ထွေးသွားခဲ့ပါတယ်။ Mr. X ကို ရှာဖွေဖို့နဲ့ ရန်သူ့အကြံအစည်ကို တားဆီးဖို့အတွက် နယ်ခံဒုစရိုက်မှုလေးတွေကိုပဲ ရှင်းဖူးသေးတဲ့ အငယ်တန်းအေးဂျင့် ဂေါ့သမ်ကို အာဇာဘိုင်ဂျန်အထိ ခရီးဆန့်ပြီး စုံစမ်းဖို့ RAW က ခိုင်းစေခဲ့ပါတယ်။ . အဲဒီ ကယ်ဆယ်ရေးခရီးစဉ်ထဲမှာ ရန်သူက ဘယ်သူ၊ မိတ်ဆွေက ဘယ်သူဆိုတာ ခွဲခြားရခက်လောက်အောင် သစ္စာဖောက်မှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ရင်သပ်ရှုမောဖွယ် အလှည့်အပြောင်းတွေကို ဥရောပအငွေ့အသက်တွေကြားက ပြင်းထန်တဲ့ အက်ရှင်ခန်းတွေ၊ နိုင်ငံတကာ သူလျှိုလောကရဲ့ နောက်ကွယ်က ကစားကွက်တွေကို ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။