Movie Name
Cheekatilo (2026)
Year
2026
Generes
Thriller
Code
IND1848
Type
Movie
Size
791 MB
Country
Bollywood
Description
ဆန်ဒရာ ဟာ ရုပ်သံလိုင်းတစ်ခုမှာ ရာဇဝတ်မှုသတင်းတွေကို တင်ဆက်ပေးရတဲ့ သတင်းကြေညာသူတစ်ဦးဖြစ်ပါတယ်။ သူဟာ သတင်းတွေကို လူအများစိတ်ဝင် စားအောင် ချဲ့ကားပြောဆိုရတာထက် ဖြစ်ရပ်မှန်တွေကို ထိထိရောက်ရောက် ဖော်ထုတ်ချင်တဲ့သူပါ။ ဒါကြောင့် သူ့ရဲ့သူငယ်ချင်း ဘော်ဘီ နဲ့အတူ True Crime Podcast (အမှုမှန်ဖော်ထုတ်ချက် အသံလွှင့်အစီအစဉ်) တစ်ခုကို စတင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့သူငယ်ချင်း ဘော်ဘီ နဲ့ သူငယ်ချင်းဖြစ်သူရဲ့ ချစ်သူတို့ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ ဒီလူသတ်မှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ဖြစ်ပွားခဲ့တဲ့ "Jasmine Killer" (စံပယ်ပန်းလူသတ်သမား) ရဲ့ လက်ချက်နဲ့ ဆင်တူနေတာကို ဆန်ဒယာ တစ်ယောက် သတိပြုမိသွားပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အမှောင်ထဲက လူသတ်သမားကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ထိတ်လန့်စရာကောင်းတဲ့ အတိတ်က အမှန်တရားတွေကိုပါ သိရှိလာရတဲ့အခါမှာတော့......ဘာတွေဆက်ဖြစ်သွားမလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာ နဲ့ ကြည့်ရှုခံစားရမှာပါ။