-
Movie Name
-
Idli Kadai (2025)
-
Year
-
2025
-
Generes
-
Action, Comedy, Drama
-
Code
-
IND1849
-
Type
-
Movie
-
Size
-
1.25 GB
-
Country
-
Bollywood
-
Description
-
ဒီနှစ်ထဲမှာပဲ ထွက်ရှိခဲ့တဲ့ Kuberaa (2025)မှာ သူတောင်းစားနေရာက အပီအပြင်သရုပ်ဆောင်သွားတဲ့
ဂရုဏာသက်ဖွယ်မျက်နှာပိုင်ရှင် မင်းသား ဒနုရှ်ရဲ့ အသစ်ထွက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။
ကျေးလက်နဲ့ ရိုးရာဓလေ့တွေကို ဖန်တီးပုံဖော်ထားပေမဲ့ Box Officeမှာ ရူပီးသန်းခုနစ်ရာကျော်ပြန်လည်ရရှိခဲ့ပါတယ်။
မူရူဂန်ဆိုတာ ရွာလေးတစ်ရွာက လမ်းဘေးအီဒလီဆိုင်ပိုင်ရှင်ရဲ့သားတစ်ယောက်ပေါ့။
မူရူဂန်ကတော့အိပ်မက်အကြီးကြီးရှိတဲ့သူ။ အရွယ်ရောက်လာတာနဲ့ မန်ဒရာ့စ်မြို့ကြီးဆီထွက်ခွာပြီး
ပိုကောင်းတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေခဲ့ပါတယ်။
သူ့အိပ်မက်တွေအတိုင်းချန်နိုင်းမြို့ကနေ ဘန်ကောက်ကိုရောက်ရှိပြီး ကမ္ဘာအဆင့်မီစာဖိုမှူးဖြစ်လာခဲ့ပါတယ်။
" ကျွန်တော်တို့ဟာ တစ်နေရာမှာ မွေးဖွားလာပြီး တစ်ခုခုကိုရှာဖွေစူးစမ်းဖို့အတွက် တစ်ခြားတစ်နေရာကိုထွက်သွားရတာပဲ" ဆိုတဲ့
အတွေးအခေါ်ကိုလက်ခံထားတဲ့ မူရူဂန်တစ်ယောက် အောင်မြင်မှုအထွတ်အထိပ်ရောက်တဲ့အခါ
ဘဝရဲ့အရသာကို ဘယ်လိုတွေ့ရှိခံစားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်သလို ဖခင်တစ်ဦးရဲ့ဖြောင့်မတ်တဲ့စိတ်နေစိတ်ထား၊
သားသမီးအပေါ်ထားတဲ့ ဖခင်မေတ္တာရဲ့တန်ဖိုးတွေကိုပါ ဖော်ညွှန်ထားတဲ့ ဇာတ်ကားကောင်းဖြစ်လို့ ကြည့်ရှုခံစားသင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။