Movie Name
A Splendid Match (ခမ်းနားထည်ဝါ အချစ်ဖူးစာ )(2026)
Year
2026
Generes
Drama
Code
SC1129
Type
Series
Size
17.4 GB
Country
Thai
Description
1-40 Complete “အဆင်တန်ဆာတွေနဲ့ လှပနေတဲ့ လှောင်အိမ်ထဲက ငှက်တစ်ကောင်ဖြစ်မဲ့အစား... မုန်တိုင်းတွေကြားမှာ ကိုယ့်ဘာသာကိုယ် ရဲရဲဝင့်ဝင့် ပျံသန်းရတဲ့ ဘဝကိုပဲ ကျွန်မ ပိုမြတ်နိုးတယ်" ချစ်ခြင်းမေတ္တာဆိုတာ ပိုင်ဆိုင်လိုခြင်းသက်သက် မဟုတ်ဘဲ နားလည်ပေးခြင်းနဲ့ လွတ်လပ်ခွင့်ပေးခြင်းသာ ဖြစ်တယ်ဆိုတာကို သက်သေပြမဲ့ ၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး နန်းတွင်းအချစ်ဒရာမာ ဖြစ်လာမဲ့ "A Splendid Match (良陈美锦)"...ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ လူမှုကွန်ရက်နဲ့ စာဖတ်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ပုံသေကားကျ နန်းတွင်းမိန်းကလေးတွေရဲ့ ဘဝကနေ ခွဲထွက်ကာ ကိုယ်ပိုင်အရည်အချင်းနဲ့ လောကဒဏ်ကို ရင်ဆိုင်မဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အားမာန်ပါတဲ့ ဘဝခရီးစဉ်ကို ရိုက်ကူးတင်ဆက်ထားတဲ့ Historical Romance / Growth အမျိုးအစား ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့အဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ မကြာသေးခင်ကမှ အသစ်ထွက်ရှိထားတဲ့ The Shadow’s Edge ကနေ မိန်းကလေး ပရိတ်သတ်တွေရဲ့အချစ်ကို ရရှိထားတဲ့ Ci Sha (此沙) နဲ့ လက်ရှိပြသနေတဲ့ Light to the Night ထဲက မင်းသမီးချောလေး Ren Min (任敏) တိုက အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် idol-actor fan တွေ အခိုင်အမာရရှိထားတဲ့ NCT / WayV member တစ်ယောက်ဖြစ်တဲ့ Winwin က ဒီဇာတ်လမ်းထဲမှာ ဘယ်လိုထူးခြားတဲ့ ဇာတ်ကောင်စရိုက် ဘယ်လို ဆွဲဆောင်မှုမျိုးတွေနဲ့ ကုကျင်းကျောင်းရဲ့ ဘဝထဲကို ရောက်ရှိလာမလဲဆိုတာကလည်း စိတ်လှုပ်ရှားစရာပါပဲ။ ဇာတ်လမ်းအကျဉ်း~ ကုမိသားစုရဲ့သမီးကြီး ကုကျင်းကျောင်းဟာ မွေးကတည်းက အဖေဖြစ်သူရဲ့ ရာထူးတက်လမ်းနဲ့ ကံဇာတာမကိုက်ညီဘူးဆိုတဲ့ ဗေဒင်ဟောကိန်းကြောင့် အဘွားဖြစ်သူဆီမှာပဲ ကြီးပြင်းခဲ့ရသူပါ။ မိဘတွေရဲ့ လျစ်လျူရှုမှုကို ခံခဲ့ရပေမယ့် အဘွားရဲ့ အလိုလိုက်မှုကြောင့် လွတ်လပ်တဲ့အတွေးအခေါ်နဲ့ ကိုယ် မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကုမိသားစုဆီ ပြန်ရောက်လာတဲ့အခါမှာလည်း သာမန် နန်းတွင်းသူလေးတွေလို နူးညံ့သိမ်မွေ့ဟန်ဆောင်မနေဘဲ သူမရဲ့ ထက်မြက်လှတဲ့ "လက်သည်း" တွေကို အမြဲအသင့်ပြင်ထားပြီး မနာလို တိုက်ခိုက်မှုတိုင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ပါတယ်။ ဒီလို ထူးခြားတဲ့ သတ္တိနဲ့ တက်ကြွတဲ့ ရှင်သန်မှုတွေကပဲ တိုင်းပြည်ရဲ့ အာဏာအရှိဆုံးသူတွေဖြစ်တဲ့ နန်းတွင်းအာဏာရ အမတ် ချန်စန်းယယ် အရိုက်အရာခံ မင်းသား ယဲ့ရှန့် နဲ့ တည်ကြည်ဖြောင့်မတ်တဲ့ လူကြီးလူကောင်း ချန်ရွှမ်ချင်းဆိုတဲ့ ထိပ်တန်း အမျိုးသားသုံးယောက်ရဲ့ နှလုံးသားကို တစ်ပြိုင်နက်တည်း ဖမ်းစားနိုင်ခဲ့ပါတယ်။ “မင်းရဲ့ဆုံးသွမ်းမှုနဲ့ မာနတွေက တခြားသူတွေအတွက် အပြစ်ဖြစ်ချင်ဖြစ်မယ် ကျင်းကျောင်း... ဒါပေမဲ့ ကိုယ့်အတွက်တော့ မင်းရဲ့အဲဒီလွတ်လပ်တဲ့ စိတ်ဝိညာဉ်လေးက အလှပဆုံးပဲ မင်း ပျံသန်းချင်ရင် ကိုယ်က ကောင်းကင်ကြီးဖြစ်ပေးမယ်... မင်း နားခိုချင်ရင် ကိုယ်က အရိပ်အာဝါသ ဖြစ်ပေးမယ် ” -—ချန်စန်းယယ်--- “မင်းကို လှောင်ချိုင့်ထဲမှာ အလှမွေးထားလိုရတဲ့ ငှက်ကလေးမဟုတ်မှန်း ငါ သိပါတယ် ဒါပေမဲ့ မင်းရဲ့တောက်ပတဲ့ အပြုံးလေးတွေကို ငါ့အနားမှာပဲ အမြဲတမ်း သိမ်းဆည်းထားချင်ခဲ့မိတာ ငါ့ရဲ့အတ္တပဲ” ---ယဲ့ရှန့်--- "စည်းကမ်းတွေ ဓလေ့ထုံး စံတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ငါ့အတွက် မင်းရဲ့ရဲတင်းမှုက မုန်တိုင်းတစ်ခုလိုပဲ အဲဒီမုန်တိုင်းက ငါ့ရဲ့ကိုယ်ပိုင်လောကကို လာဖျက်ဆီးသွားမှန်း သိလျက်နဲ့တောင် ငါ ကျေကျေနပ်နပ်ကြီး ခံယူချင်နေမိတယ်” ---ချန်ရွှမ်ချင်း--- ဒါပေမဲ့ ကုကျင်ကျောင်း ရွေးချယ်ခဲ့တာကတော့ သူမရဲ့ တကယ့် ပင်ကိုယ်သဘာဝကို အသိအမှတ်ပြုပြီး သူမကို "သူမအတိုင်း" ဖြစ်နေခွင့်ပေးတဲ့အပြင် သူမရဲ့ဆိုးသွမ်းတဲ့ အပြုအမူတွေကိုတောင် ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ပေးနိုင်တဲ့ ချန်စန်းယယ့်ကိုပဲ ဖြစ်ပါတယ်။ သူတိုနှစ်ဦးရဲ့အိမ်ထောင်ရေးခရီးလမ်းဟာ အချစ်တစ်ခုတည်းနဲ့ မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီရင်း ချန်စန်းယယ့်ကို မင်းတိုင်ပင်ခံအမတ်ချုပ်ရာထူးအထိ ရောက်အောင် တွန်းတင်ပေးခဲ့သလို တိုင်းပြည်ရဲ့ဆင်းရဲသားပြည်သူတွေအတွက် ကောင်းမွန်တဲ့ မူဝါဒတွေကို ဖော်ဆောင်ပေးကာ အေးချမ်းသာယာတဲ့ ခေတ်တစ်ခေတ်ကို အတူလက်တွဲပြီး ဘယ်လို တည်ထောင်သွားမလဲဆိုတာကသာ ဒီဇာတ်လမ်းရဲ့အနှစ်သာရပါပဲ။ မိဘတွေရဲ့ပစ်ပယ်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးငယ်တစ်ယောက်က ချစ်သူကို တိုင်းပြည်တစ်ခုရဲ့အာဏာအရှိဆုံး အမျိုးသားတစ်ယောက်ဖြစ်လာအောင် ဘယ်လိုတွေ ပံ့ပိုးပေးသွားမလဲ…. ဓလေ့ထုံတမ်း‌အစဉ်အလာတွေကနေ ဖောက်ထွက်ပြီး သူမရဲ့ရဲတင်းလှတဲ့ လုပ်ရပ်တွေက နန်းတွင်းစည်းမျဉ်းတွေကို ဘယ်လိုများ ရိုက်ချိုးပစ်သွားမလဲ… စစ်မှန်တဲ့ အချစ်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ပုံစံထဲ သွတ်သွင်းတာလား ဒါမှမဟုတ် တစ်ဖက်လူရဲ့ ပင်ကိုယ်သဘာဝအတိုင်း လက်ခံပေးတာလားဆိုတာ …… မကြာခင် GC Chinese ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာ ဖြစ်လို စောင့်မျှော်ကြည့်ရှူဖို ဖိတ်ခေါ်လိုက်ရပါတယ်