Movie Name
The Wonderfools (2026)
Year
2026
Generes
Drama
Code
SKR1186
Type
Series
Size
3.07 GB
Country
Korea
Description
1-8 Complete ဝူယောင်းဝူနဲ့ ချာအွန်ဝူးတိုရဲ့ နှလုံးသားကို အလင်းဆောင်မဲ့ စွမ်းအားရှင် မနဲ့မောင်ဇာတ်ကားလေး.. ဘဒ္ဒကမ္မာမှာ အလွဲဆုံးစူပါဟီးရိုးတွေနဲ့ အခွီကြီးခွီရမဲ့ The WONDERfools.. ၁၉၉၉ ရဲ့ Retro Vibe နဲ့အတူ အလွဲပေါင်းသောင်းခြောက်ထောင်ကြားက စူပါဟီးရိုးတွေကို ကြည့်ဖို အဆင်သင့်ပဲလား.. စူပါပါဝါတွေကသာ Error တက်နေတာ.. Visual တွေကတော့ Error လုံးဝမရှိနော် စူပါဟီးရိုးဆိုတာ ဝတ်စုံအလန်းစားနဲ့မှ မဟုတ်ဘူး.. အမှားအယွင်းတွေကြားထဲက ရုန်းကန်နေရတဲ့ ကိုယ်တွေလိုလူတွေလည်း ဖြစ်နိုင်တာပဲ.. ကမ္ဘာပျက်တော့မယ်ဆိုတဲ့ Y2K ခေတ်ကြီးထဲမှာ ထူးဆန်းတဲ့ စွမ်းအားတွေသာ ရခဲ့ရင်.. ၁၉၉၉ ခုနှစ်ရဲ့ Y2K အငွေ့အသက်တွေနဲ့အတူ ထူးဆန်းတဲ့ စွမ်းအားတွေ ရရှိလာတဲ့ လူတစ်စုအကြောင်း.. Chaos ဖြစ်နေတဲ့ ကြားထဲက အလှတရားတွေကို ရှာတွေ့မဲ့.. Visual တွေမိုက်လွန်းလို မျက်လုံးတောင် မလွှနိုင်ဘူးဖြစ်သွားမဲ့ The WONDERfools.. ဒီကားဟာ Extraordinary Attorney Woo နဲ့ Dr. Romantic တိုကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Yoo In Sik ရဲ့ လက်ရာဖြစ်လို ဇာတ်လမ်း ဇာတ်ညွှန်းနဲ့ ရိုက်ကူးမှုအပိုင်းမှာ ယုံကြည်စိတ်ချရပြီး ၁၉၉၉ ရဲ့ Retro Vibe ကို အပြည့်အဝပေးနိုင်သလို ကြည့်ရှုသူတွေကို အတိတ်ဆီ ပြန်ခေါ်သွားမှာပါ။ Comedy နဲ့ Action ကို မျှမျှတတ ပေါင်းစပ်ထားပြီး မစုံလင်တဲ့ လူသားတွေရဲ့ ကြိုးစားမှုကို မြင်ရမဲ့ "Must-Watch" Series လေးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၉၉ ခုနှစ် ကမ္ဘာပျက်တော့မယ်ဆိုတဲ့ ကောလာဟလတွေကြားမှာ ဟယ်ဆောင်းမြိုလေးက သာမန်လူတန်းစားတစ်စုဟာ မထင်မှတ်ဘဲ ထူးဆန်းတဲ့ စွမ်းအားတွေ ရရှိသွားကြပါတယ်။ ဒါပေမဲ့ ပြဿနာက သူတိုရဲ့ စွမ်းအားတွေက တကယ့် "Flawed Superpowers" တွေ ဖြစ်နေတာပါ။ ကိုယ့်စွမ်းအားကိုယ် မထိန်းချုပ်နိုင်ဘဲ လွဲချော်မှုတွေကြားကနေ မြိုလေးရဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုကာကွယ်မလဲဆိုတာက စိတ်ဝင်စားဖိုကောင်းတဲ့ Hook တစ်ခုပဲ ဖြစ်ပါတယ်။ စူပါဟီးရိုးဆိုတိုင်း အမြဲ Perfect ဖြစ်နေလောက်မယ်ဆိုတဲ့ အတွေးတွေကို ချိုးဖျက်ပြီး ဟယ်ဆောင်းမြိုလေးက အလွဲသမားတွေရဲ့ စွမ်းအားတွေကို ကြည့်ပြီး တဝါးဝါးရယ်ဖိုသာ ပြင်ထားလိုက်ပါတော့။ Nostalgia ရော Comedy ပါ Mix လုပ်ထားတာဆိုတော့ မကြည့်ရင် ခေတ်နောက်ကျကျန်ခဲ့မှာနော်။ ၁၉၉၉ ခုနှစ်ကို ပြန်သွားပြီး သူတိုနဲ့အတူ အလွဲတွေကြားထဲ နစ်မျောနိုင်ဖို Netflix ကနေ တစ်ဆက်တည်း ထွက်ရှိသွားမဲ့ ၈ ပိုင်းစာ Drama လေးထဲ အတူတူ Chill လိုက်ကြရအောင်နော်။