Movie Name
Knives Out (2019)
Year
2019
Generes
Comedy, Crime, Drama
Code
04015
Type
Movie
Size
1.18 GB
Country
Hollywood
Description
စုံထောက်ကားကောင်းကောင်းငတ်နေသူတွေအတွက် လာပါပြီဗျာ။ ဇာတ်လမ်းကတော့ ၂ ပင် ၃ ပင်လိမ်အောင်ကို လှည့်တာပါ။ သရုပ်ဆောင်တွေကလည်း လူအတော်များများ သိပြီးသား ဖြစ်မှာပါ။ တကယ်ကောင်းပါတယ်။ ဒီတစ်ခါတော့ ဆရာများ သားသေ မဖြစ်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းပဲ ပြောပြမယ်နော်။ အများကြီးပြောလို့မရဘူး။ ဟာလန်သရွန်ဘီဆိုတဲ့ နာမည်ကြီး လျို့ဝှက်သည်းဖို စာရေးဆရာကြီးရဲ့ ၈၅ နှစ်မြောက် မွေးနေ့မှာ သူ့ သားသမီးတွေ မြေးတွေနဲ့ သမက် ချွေးမတွေ လာစုစည်းပြီး ပါတီလုပ်ကြတယ်။ အကုန်လုံးကလည်း အဘိုးကြီးနဲ့ ပြဿနာ ကိုယ်စီပေါ့။ နောက်နေ့မနက်မှာ ဟာလန်ကြီးက သေနေပါလေရော။ လည်ပင်းကို လှီးပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ။ သတ်သေမှုပါဆိုမှ ဘယ်သူက အလုပ်အပ်လိုက်မှန်းမသိဘဲ နာမည်ကျော် အလွတ်စုံထောက်ကြီးက ရောက်ချလာရော။ ပြီးတော့ မထင်ထားတာတွေ ဆက်တိုက်ဖြစ်ပြီး ဇာတ်သိမ်းအထိ မထတမ်း ကြည့်မိသွားပါလိမ့်မယ်။ ဒီလောက်ဆို ဘယ်လိုကားလဲ မှန်းမိမှာပါ။ ရုံးပိတ်ရက်မှာ အပမ်းပြေကြပါစေ။