Movie Name
Tazza - One Eyed Jack (2019)
Year
2019
Generes
Crime, Drama
Code
04021
Type
Movie
Size
1.23 GB
Country
Korea
Description
လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။ ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲ ဇာတ်ကောင်သက်ထွေးရဲ့ “အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ” ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။ အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်… ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌ လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီး ကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ…။ “ကျွန်တော်ဘာလို့ ဖဲသမားဖြစ်နေရသလဲ ဟုတ်လား? ဖဲသမားမှန်ရင် ပိုကာဝိုင်းတစ်ဝိုင်းမှာ အတူတူထိုင်လိုက်ပြီဆိုကတည်းက သူဌေးသားရော သူတောင်းစားသားရော ဖဲ(၇)ချပ်ထပ် ပိုကိုင်လို့မရဘူးလေ