Movie Name
Tubelight (2017)
Year
2017
Generes
Action, Biography, Drama
Code
00340
Type
Movie
Size
943 MB
Country
Bollywood
Description
၂၀၁၅ တုန်းက ထွက်ရှိထားတဲ့ အမေရိကန်ရုပ်ရှင် Little Boy ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်ကားမှာတော့ မြန်မာပရိသတ်အကြိုက်မင်းသား ဆယ်လ်မန်ခန်းက အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဇာတ်လမ်းက ၁၉၆၂ တရုတ်-အိန္ဒိယစစ်ပွဲနောက်ခံနဲ့ ရိုက်ကူးထားတာဖြစ်ပြီး နိုင်ငံတွေ မှာ စစ်ပွဲတွေဖြစ်ပြီဆိုတာနဲ့ စစ် ဘေးဒဏ်ကို ခါးစည်းခံကြရတဲ့ ပြည်သူတွေရဲ့ ပုံရိပ်ကို မြင်သာ အောင် တင်ဆက်ထားတာဖြစ်ပါတယ်။လက်စ်မန်ဆင်းဘစ်ရှ်ဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက မြို့ ငယ်လေးတစ်မြို့မှာ သူ့ရဲ့ ညီဘာရတ်နဲ့အတူ နေထိုင်ပါတယ်။ လက်စ်မန်ဟာ စိတ်ထားကောင်း ပြီး လူတိုင်းကို ယုံလွယ်သူတစ် ယောက်ဖြစ်ပြီး မိသားစုအရင်းအ ချာဆိုလို့ ဒီညီအစ်ကိုနှစ်ယောက် ပဲ ရှိတဲ့အတွက် ဘယ်သွားသွား၊ ဘာလုပ်လုပ် မခွဲအတူပါ။ ဘာ ရတ်ကလည်း သူ့အစ်ကိုအပေါ် အနွံတာခံချစ်ခင်ပြီး စောင့်ရှောက် ဖို့ အသင့်ဆိုသလို နေထိုင်ခဲ့ကြပါတယ်။တရုတ်-အိန္ဒိယစစ်ပွဲဆိုတာ ကြီးဖြစ်လာတဲ့အခါမှာ စစ်ပွဲအ တွက် တပ်သားစုဆောင်းရာမှာ ဘာရတ်ပါသွားတဲ့အတွက် လက်စ်မန်တို့ ညီအစ်ကိုရဲ့ ပျော်စရာ ကမ္ဘာလေး ပျက်သုဉ်းခဲ့ရပါတော့ တယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ ဘာရတ်တစ်ယောက် ဝမ်းနည်း ပက်လက်ဖြစ်နေတဲ့ လက်စ်မန်ကို ထားခဲ့ရပြီး စစ်တပ်နဲ့ ပါသွားခဲ့ပါ တယ်။ တိုက်ပွဲသတင်းတွေက လည်း နေ့စဉ်နဲ့အမျှ အဆိုးတွေကြီးပဲ ကြားနေရတဲ့အတွက် လက်စ်မန် ဟာ ဘာရတ်အတွက် စိုးရိမ်သော ကပွေနေခဲ့ရပါတယ်။ ဘာရတ် တိုက်ပွဲကျသွားပြီဆိုတဲ့ သတင်း တွေလည်း ထွက်လာတာကြောင့် လက်စ်မန်တစ်ယောက်ယူကျုံး မရဖြစ်ပေမယ့် သူ့ညီမသေဘူးဆို တာ ယုံကြည်နေခဲ့ပါတယ်။ အဲဒါ နဲ့ နောက်ဆုံးမှာတော့ စစ်ပွဲတွေ ရပ်ပြီး သူ့ညီကို အိမ်ပြန်ခေါ်လာ နိုင်ဖို့အရေး ဆုံးဖြတ်ခဲ့ပါတော့ တယ်။ ဘာရတ်က လက်စ်မန်ယုံ ကြည်ထားသလို တကယ်ပဲ အ သက်ရှင်ကျန်နေတာလား၊ ပဋိ ပက္ခ စစ်ပွဲတွေရပ်ဖို့ ကြိုးပမ်းတဲ့ လက်စ်မန်ရဲ့ လုပ်ဆောင်မှုက ကော အောင်မြင်နိုင်ပါ့မလား၊ မခွဲ အတူ သိပ်ချစ်ကြတဲ့ ညီအစ်ကိုရဲ့ ဘဝက ဘယ်လိုပုံစံ အဆုံးသတ် ရမယ်ဆိုတာ ဆက်ကြည့်ဖို့ ညွှန်း ပေးလိုက်တယ်နော်။စစ်ပွဲနောက်ခံဇာတ်ကားဆို ပေမယ့် အတိုက်အခိုက်တွေသာ မက သွက်လက်ရွှင်မြူးတဲ့ အိန္ဒိယ အကအလှတွေ၊ လန်းဆန်းလှပ တဲ့ ရှုခင်းတွေနဲ့အတူ ကြည့်ရမှာ မို့ ပရိသတ်တွေသဘောကျမယ် ထင်ပါတယ်။ဒီဇာတ်ကားမှာ လက်စ်မန်ဆင်းဘစ်ရှ်အဖြစ် ဆယ်လ်မန်ခန်း၊ ဘာရတ်ဆင်းဘစ်ရှ်အဖြစ် ဆိုဟေးလ်ခန်းတို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားကြပါတယ်။ ။