-
Movie Name
-
VIP 2 Lalkar (2017)
-
Year
-
2017
-
Generes
-
Action, Comedy, Drama
-
Code
-
00346
-
Type
-
Movie
-
Size
-
852 MB
-
Country
-
Bollywood
-
Description
-
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရဲ့ တစ်နှစ်အတွင်း အရည်အချင်းရှိဆုံး အင်ဂျင်နီယာများကို ဆုချီးမြှင့်သော အခမ်းအနားတွင် ဆုအားလုံးလိုလိုကို အိန္ဒိယရဲ့ ထိပ်သီး ကုမ္ပဏီဖြစ်သော ဗဆူဒရာ ဆောက်လုပ်ရေးမှ အင်ဂျင်နီယာများသာ အသီးသီး ရရှိကြလေသည်။ ဗဆူဒရာ ဆောက်လုပ်ရေး၏ ပိုင်ရှင်ဖြစ်သူ ဗဆူဒရာလည်း သူ့ကုမ္ပဏီမှ ဆုတွေ တလှေကြီး သိမ်းပိုက်နိုင်နေသောကြောင့် လူပုံလည်တွင် ခေါင်းမော့ ရင်ကော့ နေလေ၏ ဗဆူဒရာကတော့ ခေသူမဟုတ် အမျိုးသမီး တစ်ဦး ဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှု့ဟာ အသက်နဲ့ပင် မလိုက်အောင် အာဏာပါဝါ ပေါက်ရောက်မှုကလည်း မြို့တော်ဝန်က သူ့ကိုလာတွေ့ရတဲ့ အထိ နောက်ဆုံး အနေနဲ့ တစ်နှစ်တာအတွင်း အတော်ဆုံး အင်ဂျင်နီယာ ဆုကို ရရှိသွားသူကတော့ အနီသား ဆောက်လုပ်ရေးမှ မစ္စတာ ရာဂူဗာရန် ဖြစ်ပါတယ် ဘယ်သူလဲ ရာဂူဗာရန် ငါ့ဂုဏ်ကို ယှဉ်ပြိုင်ရဲတာ ဘယ်သူလဲ ဘယ်လောက်တော်လို့လဲ ဘယ်အသိုင်းအဝိုင်းက မလို့လဲ ငါ့ကို ယှဉ်နိုင်လောက်တဲ့ ကုမ္ပဏီလည်း မဟုတ်တဲ့ နေရာက အင်ဂျင်နီယာကများ သူ ဘယ်သူလဲ့ ရာဂူဗာရန်ကို မြင်တွေ့ချင်ပေမယ့် ရာဂူဗာရန်ကတော့ ဒီအခမ်းအနားကို မတက်ရောက်တဲ့ အတွက်ဆုတောင် သူကိုယ်တိုင် လာမယူပဲ လူစားလာယူပေးလိုက်ရတယ် အောင်မြင်မှုတွေ တလှေကြီးရနေတဲ့ ဗာဆူဒရာကတော့ လူတော်မှန်သမျှ ငါ့လက်အောက်မှာပဲရှိရမည် ဆိုတဲ့ အတ္တနဲ့ ရာဂူဗာရန်ကို သူ့ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ ကမ်းလှမ်းခဲ့ပါတယ် ဒါပေမဲ့ ရာဂူဗာရန်က ငြင်းလိုက်တဲ့ အခါမှာတော့ ရာဂူဗာရန် နှင့် ဗာဆူဒရာ တို့ ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာသော အခါ #ဒိတ်ဒိတ်ကြဲ သူဌေးမကြီး ဗာဆူဒရာ နေရာမှာတော့ Bollywood Queen ဖြစ်တဲ့ Kajol က အကောင်းဆုံး ပုံဖေါ် သရုပ်ဆောင်ထားပြီး #ရာဂူဗာရန် နေရာမှာတော့ Anagan ဇာတ်ကားနှင့် နာမည်ကြီးလာတဲ့( တခြား နာမည်ကြီး ဇာတ်ကားများလည်း ရှိ ) Tollywood ဘုရင် Dhanush က အလန်းစား သရုပ်ဆောင်ထားပါတယ် ( Comedy Action အမျိုးစားဖြစ်ပြီး မိသားစုနှင့်အတူ ကြည့်ရှု့ခံစားလက်ပါဦး