Movie Name
The Real Leader Brahma (2014)
Year
2014
Generes
Action
Code
00350
Type
Movie
Size
1 GB
Country
Bollywood
Description
ကျွန်တော်တို့နိုင်ငံရဲ့ လတ်တလောလိုအပ်ချက်အရ ဒီကားလေးကို ကျွန်တော်ဘာသာပြန်လိုက်ရပါတယ် FOF ပရိသတ်ကြီးခင်ဗျား…. ◇◇ အတ္တတွေ မတူညီတဲ့အတွေးအမြင်တွေနဲ့ ဖွဲ့စည်းထားတဲ့လူ့အဖွဲ့အစည်းကို စည်းစနစ်ကျစွာ ထိန်းကျောင်းဖို့၊ အဲ့ဒီအဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းမှုရှိဖို့ ခေါင်းဆောင်ကောင်းရှိဖို့ဆိုတာ အင်မတန်အရေးပါလှပါတယ်။ — ဒါဆို ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းက ဘာတွေလဲ? ဒါကိုတော့ ဒီဇာတ်ကားက ကျွန်တော့်ကိုယ်စား ဖြေကြားပေးပါလိမ့်မယ် အခုဇာတ်ကားရဲ့ကျောရိုးလေးကို နည်းနည်းရှင်းပြပါဦးမယ် ဒီကားလေးဟာ 16 ရာစုကနေ တည်ရှိလာခဲ့တဲ့ မိသားစုတစ်စုကနေ အခု 21 ရာစုအထိ တည်ရှိနေတဲ့ မိသားစုတစ်ခုကို အခြေပြုဇာတ်အိမ်ဖွဲ့ထားပါတယ်။ မိသားစုပဲ ဘာထူးဆန်းလို့လည်း စိတ်ဝင်စားစရာ မကောင်းပါဘူးကွာလို့ မထင်လိုက်ပါနဲ့။ အဲ့ဒီမိသားစုမှာ သမိုင်းရဲ့အမာရွတ်ကြောင့် ဘယ်သူ့ကိုမှ ပေးကမ်းစွန့်ကြဲခြင်း မပြုရဘူးဆိုတဲ့ စည်းကမ်းရှိပါတယ်။ ဒါကို ဇာတ်ကားထဲမှာပါတဲ့မင်းသား Brahma က မိသားစုစည်းကမ်းကို ဖောက်ဖျတ်ပြီး သူဖုန်းစားတွေကို စွန့်ကြဲမှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပြစ်မှုကြောင့် Brahma ဟာ မိသားစုကို စွန့်ခွာခဲ့ရပြီး မှော်အတတ်နဲ့စီမံထားတဲ့ ဒါရိုက်တာရဲ့ရိုက်ချက်တွေက စိတ်ကောင်းနှလုံးကောင်းရှိတဲ့ Brahma ကို နိုင်ငံတကာက အလိုရှိနေတဲ့ရာဇဝတ်ကောင်အဖြစ် ဖန်တီးပစ်လိုက်တယ်။ ဒီ့ထက်ဆိုးတဲ့ ဇာတ်ကွက်က ကိုယ့်အဖေကိုပြန်သတ်ဖို့အထိကို ပို့ဆောင်ပစ်လိုက်တယ်။ ဒါပေမယ့် ကိုယ့်အဖေကိုယ် ပြန်သတ်ဖို့ကြံခဲ့တဲ့ Brahma ဟာ ဇာတ်ကားအဆုံးသတ်မှာ ပြည်သူလူထုက တခဲနက်ထောက်ခံအားပေးတဲ့ လူထုခေါင်းဆောင် ဖြစ်သွားပြန်ပါတယ်… ♤♤♤ကိုယ့်အဖေကိုယ် ပြန်သတ်ဖို့ကြံတဲ့လူသတ်ကောင်၊ နိုင်ငံတကာကအလိုရှိနေတဲ့ ရာဇဝတ်သားက ဘယ်လိုကြောင့် လူထုခေါင်းဆောင် ဖြစ်သွားရတာလဲ? ဒါကိုတော့ ဇာတ်ကားလေးကြည့်ပြီး ဒါရိုက်တာရဲ့လှည့်ကွက်တွေကို ဖော်ထုတ်ပေးလိုက်ကြပါဦး FOF ပရိသတ်ကြီးရေ