-
Movie Name
-
Teffa In Trouble (2018)
-
Year
-
2018
-
Generes
-
Action
-
Code
-
00353
-
Type
-
Movie
-
Size
-
1.20 GB
-
Country
-
Bollywood
-
Description
-
ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ ” Teefa in Trouble” ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်… IMDB 7.9 ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ… အညွှန်း- Teefa (တီဖဲ) က မြို့မျက်နှာဖုံး ဘတ် ဆိုတဲ့ လူလက်အောက်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ… တီဖဲက ဘတ်တို့ မလုပ်တဲ့ လူမိုက်ကိစ္စတွေ လုပ်ပေးရပါတယ်… ဘတ်ရဲ့ လူယုံတော် လူမိုက်ကြီးပေါ့… ဘတ်မှာ ဘီလူဆိုတဲ့ သားတစ်ယောက်လည်းရှိပါတယ်… ဘတ်က သူငယ်ချင်းဖြစ်သူ ဘတ်ရှီယာဆိုတဲ့ သူဌေးနဲ့ ငယ်စဉ်တည်းက သားသမီးချင်းပေးစားဖို့ သဘောတူခဲ့ပါတယ်… ဘတ်ရှီယာက နိုင်ငံခြားမှာနေထိုင်သူဖြစ်ပါတယ်… ဒီလိုနဲ့ သားသမီးတွေကို အိမ်ထောင်ချပေးရမဲ့အချိန်ရောက်လာပါပြီ… ဒါပေမဲ့ ဘတ်ရှီယာဟာ လုပ်ငန်းကိစ္စအခက်အခဲနဲ့ သမီးဖြစ်သူ အာနီယာကို ငွေကြေးထောက်ပံ့သူ သားဖြစ်သူနဲ့ သဘောတူခဲ့ရပါတယ်… ဒါကို ဘတ်သိတဲ့အချိန်မှာတော့ ဒေါသထွက်ပါတော့တယ်…. သူ့သား ဘီလူကလည်း ချောမောလှပတဲ့ ဘတ်ရှီယာ သမီး အာနီယာကို စွဲလမ်းနေလေရဲ့…. ဒီလိုနဲ့ ဘတ်နဲ့ ဘတ်ရှီယာကြား ပဋိပက္ခတွေဖြစ်ပါတော့တယ်… ဘတ်လည်း သားဖြစ်သူ ဘီလူးခံစားနေတာ မမြင်နိုင်တော့ အာနီယာကို ပြန်ပေးဆွဲရပါတော့တယ်… သူတို့ရဲ့ လူယုံတော် လူမိုက်ကြီး တီဖဲကို အားကိုးရပါတော့တယ်… တီဖဲလည်း အာနီယာကို မြင်မြင်ချင်းသဘောကျပါတော့တယ်.. တီဖဲရဲ့ အာနီယာကို ပြန်ပေးဆွဲတဲ့အစီအစဉ်အောင်မြင်ခဲ့ပါတယ်… ဒါပေမဲ့အာနီယာကို ချစ်မိသွားတဲ့ တီဖဲတစ်ယောက် ကျန်စစ်သားဘဝလို ဖြစ်ရမလား… မဏိစန္ဒာကို အနော်ရထာမင်းကြီးဆီ ရင်နာနာနဲ့ ဆက်သရသလို တီဖဲတစ်ယောက် ကျေးဇူးရှင် သူဌေးရဲ့ လက်ထဲ အပ်မလား.. ဘယ်လို ဒုက္ခလှလှတွေ တွေ့မလဲ…. စတာတွေကို နောက်ခံသီချင်းအလန်းလေးတွေနဲ့ ရယ်ရယ်မောမော ကြည့်ရမှာဖြစ်ပါတယ်…. ဒီကားလေးက ဒရန်မာကားလေးဆိုလည်းဟုတ်သလို မိသားစုနဲ့အတူကြည့်လို့ကောင်းမဲ့ ကားလေးတစ်ကားဆိုလည်းမမှားပါဘူး…