Movie Name
Googly (2016)
Year
2016
Generes
Action, Drama
Code
00364
Type
Movie
Size
1 GB
Country
Bollywood
Description
Googly (2016) မြန်မာစာတန်းထိုး ==================== ကဲ ပရိတ်သတ်ကြီးရေ ဖိုက်တင်တွေလည်း ပါရမယ် အချစ်ဇာတ်လမ်းလေးလည်း ပါရမယ် Update လည်း ဖြစ်နေရမယ်ဆိုပြီး မျှော်နေတယ်ဆိုရင်ဖြင့်…. ဒီနေ့အတွက် ပွဲထုတ်ပေးလိုက်တာက Googly ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်… ဒီကားလေးက မင်းသားချောချောလေးနဲ့ မင်းသမီးချောချောလေးတို့ရဲ့ အချစ်၊အကြမ်းကားလေး… စာအရမ်းတော်တဲ့ မင်းသားပေါ့။ ဆော်လည်းရှုပ်၊ ပွေလည်းပွေ၊ တချို့မိန်းကလေးတွေဆို တစ်ဖက်သတ်ကြိတ်ခွက်ရှ်ကြတယ်။ (ကျနော့်လိုပဲ :3) တနေ့မှာတော့ ဘယ်မိန်းကလေးကိုမှ အတည်မချစ်ဘဲ တွဲလာခဲ့သမျှ မင်းသမီးဖြစ်တဲ့ အချောလေးကို ကြွေသွားရော (ကိုယ်တွေလို တူပြန်ပြီ) မာနကြီးတဲ့ကောင်မို့ ဖွင့်မပြောချင်၊ အကြိမ်ကြိမ် ပြန်ဆန်းစစ်၊ ဒါပေမဲ့ သူဟာ တကယ်ချစ်တာပေါ့။ ဒီလိုနဲ့ သူတို့တွေအချင်းချင်း ရင်ဘတ်ထဲက ချစ်နေကြပေမဲ့ ဖွင့်မပြောတော့ ရည်းစားမမည်ဘူးပေါ့။ တနေ့မှာ ကောင်မလေး ဆေးရုံတင်ထားရတော့ မင်းသား သတင်းလာ အမေးမှာ တခြားတစ်ယောက်နဲ့ တွေ့လိုက်ရတယ်။ ရန်ငြိုးတွေဖြစ်ပြီး ဖိုက်ကြရော။ ကောင်မလေး စိတ်ဆိုးပြီး မင်းသားကို ပါးရိုက်လိုက်တယ်။ မာနတွေ အချင်းချင်းနဲ့မို့က တစ်ကြောင်း၊ ရည်းစားမမည်တာက တစ်ကြောင်းရယ်နဲ့.. အဆက်အသွယ် ဖြတ်သွားကြတယ်။ သူတို့နှစ်ယောက် ပြတ်နေလိုက်ကြတာ မိန်းကလေးက ဆရာဝန်ဖြစ်ပြီး မင်းသားကတော့ ကမ္ဘာကျော်လုပ်ငန်းရှင် ဖြစ်နေကြပြီ။ မထင်မှတ်ဘဲ မင်းသားဟာ အိန္ဒိယကို အပြန်မှာ ရိုက်ခံလိုက်ရတယ်။ ဘာကြောင့်ရိုက်ခံရတာလဲ? ရန်ငြိုးတွေလား? ဘယ်တုန်းက ရန်ငြိုးတွေလဲ? သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့အတူ အချစ်၊အလွမ်း၊ အက၊ အကြမ်းတွေကို ခံစားရမှာ ဖြစ်ပါတယ်လို့ ပြောရင်း…