Movie Name
Yong Pal
Year
2015
Generes
Drama, Thriller
Code
SKR0101
Type
Series
Size
5.60 GB
Country
Korea
Description
အပြင်မှာအခွေထွက်တုန်းက စာတန်းသိပ်မကောင်းလို့ကြည့်ရတာအခက်တွေ့နေတဲ့သူတွေအတွက်နဲ့ K Drama Fan တွေအတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲလေးတစ်ခုကို Channel Myanmar နဲ့ Variety World Myanmar Subtitle Page တို့မှပူးပေါင်းပြီးတင်ဆက်ပေးလိုက်ပါတယ် တင်ဆက်ပေးလိုက်ပါတယ်…2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ယွန်ပယ် ဆိုတဲ့ ဒီဇာတ်လမ်းတွဲဟာ ပြသချိန်တုန်းက ကိုရီးယားနိုင်ငံ လူကြည့်အများဆုံး ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရပ်တည်နိုင်ခဲ့ပြီးတော့ အောင်မြင်မှုလည်းတစ်ဟုန်ထိုးရရှိခဲ့ပါတယ်..Seoul မှာ rating 21 .9% ကျော်ရခဲ့တဲ့ အပြင် Viki မှာလည်း 9.1 ရထားခဲ့ပါတယ် Best excellence actress , Grand Prize နဲ့ Best Couple awards တွေအပြင် ဇာတ်ပို့တွေပါ ဆု ရခဲ့ပြီး 2015 ရဲ့ ဆုများစွာကို သိမ်းပိုက်ခဲ့တဲ့ drama လေးပါ ဇာတ်လမ်းအမျိုးအစားကတော့ ဆေးလောက နောက်ခံ အပြင် ရာဇဝတ်မှု တွေ..နေရာလုပွဲတွေ..သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေနဲ့အတူ ကြည်နူးဖွယ်ကောင်း တဲ့အချစ်ဇာတ်လမ်းလေးနဲ့ပါ ဇာတ်အိမ်ရောထွေးတည်ထားပြီး သိပ်ကိုကောင်းတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ် ဒီဇာတ်လမ်းတွဲမှာအဓိကသရုပ်ဆောင်တွေကတော့ ယွန်ပယ်အနေနဲ့ Joo Won က သရုပ်ဆောင်ထားပြီး ဟန်ယိုဂျင်အနေနဲ့ ကင်ထယ်ဟီးက သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအညွှန်းလေးဆက်လက်ခံစားကြည့်ပါ Peview မြေအောက်လောကလူဆိုးဂိုဏ်းသားတွေလောကမှာ ယွန်ပယ်ဆိုတဲ့ နာမည်ကြီးဆရာဝန်တစ်ဦးရှိပါတယ် သူကတော့ ဒဏ်ရာရလာပြီးဆေးရုံဆေးခန်းပြလို့မရတဲ့လူဆိုးတွေကိုကုသပေးတဲ့သူဖြစ်သလို တော်တဲ့ အတွက်အင်မတန်မြေအောက်လောကမှာနာမည်ကြီးပါတယ်..ပိုက်ဆံကလည်းမက်ပါတယ်..ဘာကြောင့်လဲ ဆိုရင် ယွန်ပယ်ရဲ့ညီမလေးဟာ ဆေးကုသဖို့အတွက်စရိတ်လိုအပ်နေတာကြောင့်ပဲဖြစ်ပါတယ်….. ယွန်ပယ်အလုပ်လုပ်တဲ့ဆေးရုံ မှာတော့ အထူး VIP ခန်းထဲမှာ လူသားသစ်ပင်အနေနဲ့ 3နှစ်တိုင်တိုင် လဲနေတဲ့ ကင်ထယ်ဟီးဆိုတဲ့ မိန်းမချောလေးဟာ ဆေးရုံပိုင်ရှင်ရဲ့တစ်ဦးတည်းသောမြေးပါ..ယွန်ပယ်ဟာ ဆေးရုံမှာသူ့ဘဝကိုတိုးတက်ဖို့ကြိုးစား..ညီမကိုဆေးကုဖို့ပိုက်ဆံများရှာရင်းက အထူး VIP ခန်းမှာ တာဝန်ရအောင်ကြိုးစားခဲ့ရပါတယ်..သူ့ကိုအသုံးချချင်တဲ့လူနဲ့.သူကိုယ်တိုင်ကလည်း အခွင့်ထူးရတဲ့အချိန်အထူး VIP ခန်းမှာ တာဝန်ရပြီး သူလုံး၀ မထင်မှတ်ထားတဲ့ အရှုပ်ထွေးကြီးကိစ္စတစ်ခုကိုဝင်ပါလိုက်ရချိန်မှာတော့………… ဆက်လက်ကြည့်ရှုပါ..အတတ်နိုင်ဆုံး အမြန်ဆုံး Update လုပ်သွားပါမယ်