Movie Name
PSV Garuda Vega (2017)
Year
2017
Generes
Action, Comedy, Thriller
Code
00375
Type
Movie
Size
1.09 GB
Country
Bollywood
Description
ဒီဇာတ်ကားက သုံးရက်အတွင်းမှာတင် ဖြစ်ပျက်သွားတဲ့ အကောက်ခွန်အရာရှိတွေ ရဲတပ်သားတွေကအစ ဝန်ကြီးချုပ်အထိ ပါဝင်တဲ့ သတ္တုတွင်းကရတဲ့ ပလတိုနီယမ်တွေကို အစိုးရမသိအောင် မှောင်ခိုရောင်းချတဲ့ အကြီးစားလိမ်လည်မှုကြီး တစ်ခုအကြောင်း ဖြစ်ပါတယ် ပုံမှန်ကြည့်နေကျ တာမီးလ်ကားတွေလို လက်သီးထိုးရင် လေပေါ်မပျံပါဘူး. . . မဖြစ်နိုင်တာတွေ မပါပဲ. . . စုံထောက်တစ်ယောက်ရဲ့အရည်အချင်းနဲ့ တာဝန်ကို ဖိုက်တင်ခန်းတွေ အပစ်အခတ်ခန်းတွေနဲ့ ရိုက်ပြထားတာပါ. . . သမ္မရာပါလီရွာလေးမှာ ပလူတိုနီယမ်သတ္တုတွေ ရှိတယ်ဆိုတာ သိသွားတဲ့ သတ္တုတွင်းဝန်ကြီးဌာနက အကြီးအကဲတစ်ချို့ဟာ DAE(Department of Atomic Energy) ဥက္ကဌနဲ့ လက်ဝါးချင်းရိုက်ပြီး ပလူတိုနီယမ်တွေကို အပိုင်သိမ်း ၊ တရားမဝင်ရောင်းချပြီး ကိုယ်ကျိုးရှာဖို့ကြံစည်ပါတော့တယ်. . . ပလူတိုနီယမ်ဆိုတာ အနုမြူလက်နက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ် ပထမဆုံးအနေနဲ့ အတော်ဆုံးဟက်ကာ လေးယောက်ကို ခေါ်ပါတယ် သမ္မရာပါလီရွာကလေးရဲ့ ဂြိုလ်တုဓာတ်ပုံတွေကို ပုံအဟောင်းတွေနဲ့ အစားထိုးပြီး ဂြိုလ်တုကနေ စောင့်ကြည့်လို့ မရအောင် လုပ်လိုက်ပါတယ် ဒါမှသာ သတ္တုတူးဖော်ရေးလုပ်ရင် ဘယ်သူမှမသိပဲ အေးအေးဆေးဆေး လုပ်လို့ရမှာကိုး. . . ဟက်ကာတွေကိုလည်း အစောင့်အကြပ်နဲ့ထားပြီး စစ်ဆင်ရေးပြီးတဲ့အထိ တစ်လတိတိ စောင့်ကြည့်နေကြတယ် ဒါပေမယ့် ဟက်ကာတစ်ယောက်က DAE Serverမှာ ဗိုင်းရပ်စ်တစ်ကောင် ထည့်ပြီး သူတို့်ရဲ့ လုပ်ငန်းစဉ်အချက်အလက်တွေကို ခိုးယူနေခဲ့ပါတယ်. . . ဒီသတင်းအချက်အလက်တွေကို သန်း100 နဲ့ ရောင်းချဖို့ အွန်လိုင်းကနေ ဝယ်လက်လိုက်ရှာစဉ်မှာပဲ DAE ဘက်က သတိထားမိပြီး ဟက်ကာကို လိုက်လံသတ်ဖြတ်ပါတော့တယ် ဒါကြောင့် ဒီကားဟာ အပစ်အခတ် အသတ်အပုတ်နဲ့ စုံထောက်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း. . .