Movie Name
Woman Of Dignity
Year
2018
Generes
Drama, Thriller
Code
SKR0102
Type
Series
Size
5.97 GB
Country
Korea
Description
ဒီ ကိုရီးယား ရုပ်သံစီးရီးဟာ June 16 ကမှ JTBC က ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး အပိုင်း (၂၀) ပါဝင်ပါတယ်.... ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် မင်းသမီး Kim Hee-sun နဲ့ Kim Sun-a တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Lee Tae-im, မင်းသား Jung Sang-hoon နဲ့ Lee Ki-woo တို့က ပံ့ပိုးကူညီ သရုပ်ဆောင်ထားပါတယ် ... ဇာတ်လမ်အကျဉ်းကတော့ လေယာဉ်မယ်ဟောင်း Woo A-Jin (Kim Hee-Sun) ဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Ahn Jae-Suk (Jung Sang-hoon)နဲ့ လက်ထပ်ခဲ့ပါတယ် ... Ahn Jae-Suk ဟာ စီးပွားရေးလုပ်ငန်းရှင်ဆိုပေမယ့် အဲ့ဒီလုပ်ငန်းဟာ သူ့အဖေ Ahn Tae-Dong (Kim Yong-gun) ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ် ... ဆိုတော့ Woo A-Jin ဟာ သူ့ယောက္ခမရဲ့ ချမ်းသာမှုအရှိန်ကြောင့် သက်တောင့်သက်သာဘဝကိုနေခဲ့ရပေမယ့် အခက်အခဲတွေနဲ့ ကံဆိုးမိုးမှောင်ကျပြီး ယောက္ခမရဲ့ စီးပွားရေးလုပ်ငန်း ကျဆင်းလာခဲ့ပါတယ် ... အဲ့ဒီအချိန်မှ သူ့ယောက်ျားကလည်း တခြားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ပြီး Woo A-Jin ရဲ့ ဘဝက ဟိုးအောက်ခြေအထိကိုရောက်မလိုဖြစ်ခဲ့ရပါတယ်... Park Bok-Ja (Kim-Sun-a) ကတော့ထူးဆန်းပြီး ဗဟေဠိဆန်တဲ့ မိန်းမတစ်ယောက် သူ့ရဲ့ကြေကွဲစရာဇာတ်လမ်းကို ဇာတ်မြှုပ်ထားပြီး Woo A-Jinနဲ့ ဘယ်လိုပတ်သတ်လာမယ် သူက Woo A-Jin အပေါ်ကို ခက်ခဲပင်ပန်းကြီးအောင် ဘယ်လိုလုပ်ပြမလည်းဆိုတာကတော့ စောင့်ကြည့်ကြပါဦး...