-
Movie Name
-
Detention (2019)
-
Year
-
2019
-
Generes
-
Horror, Thriller
-
Code
-
04027
-
Type
-
Movie
-
Size
-
904 MB
-
Country
-
China
-
Description
-
၂၀၁၉နှစ်ကုန်ပိုင်းလောက်ကထွက်ထားတဲ့ Psychological Horror film လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ၊ ဇာတ်လမ်းလေးက၁၉၆၂ခုနှစ်အတွင်း ထိုင်ဝမ်စစ်အစိုးရလက်အောက်ကျရောက်တဲ့အချိန်… အစိုးရကိုပုန်ကန်ဖို့မပြောနဲ့ စကားတောင်လွတ်လွတ်လပ်လပ်မပြောရဲလောက်အောင် အုပ်စုဖွဲ့တာတွေတားမြစ် ၊ စစ်အုပ်ချုပ်ရေးကိုဖီဆန်မယ့် သဘောသဘာဝတွေပါတဲ့စာအုပ်စာပေတွေ ၊ လူငယ်တွေကိုဆွဲဆောင်တဲ့စာအုပ်စာပေတွေ ဖတ်ခြင်းရေးခြင်းကိုလဲ သေဒဏ်ပေးတဲ့အထိကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အချိန်…. လွတ်လပ်ရေးမြတ်နိုးတဲ့ကျောင်းဆရာလေး ကျန်းမင်ဟွေက တိတ်တဆိတ်စာအုပ်အသင်းတစ်ခုဖွဲ့စည်းထားခဲ့တယ်… တစ်နေ့မှာ စာအုပ်အသင်းထဲကကျောင်းသားဝေကျုံးထင်နဲ့ စီနီယာအတန်းကကျောင်းသူဖန်ရေ့ရှင်းတို့ သူတို့ကျောင်းကြီးထဲပိတ်မိရာက သူတို့တွေ့ခဲ့ရတဲ့ထိတ်လန့်မှုတွေနဲ့ ပြောင်းလဲသွားတဲ့သူတို့ရဲ့ကံတရား…. သူတို့တင်မဟုတ်ပဲစာအုပ်အသင်းတစ်ခုလုံးရဲ့ကံတရား… ဘယ်သူ့ကြောင့်စတင်ခဲ့ပြီး …ဘယ်မှာအဆုံးသတ်မှာလဲ… Psychological Horrorဆိုတဲ့အတိုင်း သရဲတွေချည်းပြူးပြူးပြဲပြဲခြောက်တာမဟုတ်ပဲ ၊ ဘာတွေလဲ ဘာတွေလဲဆိုတဲ့ ? မေးခွန်းပေါင်းများစွာနဲ့ ဇဝေဇဝါ အလန့်တကြားလေးကြည့်ရမယ့်ကားလေးမို့လို့ ရသအသစ်တစ်ခုခံစားရစေဖို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ပါတယ် ။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ်)