-
Movie Name
-
Sudden Death (1995)
-
Year
-
1995
-
Generes
-
Action, Crime, Thriller
-
Code
-
04033
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
နေ့က ရေခဲပြင်ဟော်ကီပြိုင်ပွဲ စတန်လီဖလားရဲ့နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပစ္စဘက်ပင်ဂွင်းအသင်းနဲ့ ချီကာဂိုသိမ်းငှက်နက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့်နေ့၊ နေရာက ပစ္စဘက်မြို့ ပြည်သူ့အားကစားကွင်း၊ ပွဲစဖို့ မိနစ်၂၀ အလိုမှာ ဒုသမ္မတနဲ့အရေးကြီးပုဂ္ဂိုလ်တွေ အားကစားကွင်းကိုရောက်လာ၊ အဝတ်လဲခန်းကိုသွား၊ ကစားသမားတွေကိုဆုမွန်ကောင်းတောင်းပေး၊ ပွဲကိုကြည့်ရှုအားပေးဖို့ VIP အခန်းထဲကိုဝင်လိုက်ကြတယ်ပေါ့… ပွဲမစခင် နိုင်ငံတော်သီချင်းဆိုနေတဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ VIP အခန်းကိုဝင်စီး၊ ဒုသမ္မတနဲ့အရေးကြီးပုဂ္ဂိုလ်အားလုံးကို ဓားစားခံလုပ်၊ ဒါတင်မကသေးဘူး သူတို့က အားကစားကွင်းတစ်ခုလုံးမှာလည်း ဗုံးတွေအများကြီးထောင်ထားသေးတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်က CIA အမှုထမ်းဟောင်း “ဂျိုရှူအာဖော့စ်”… ဒီလိုနဲ့ အမ်မလီလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ကို အစီအစဉ်မရှိပဲ အခြေအနေအရထပ်မံဖမ်းဆီးလိုက်ရပြီး ဒီကလေးမလေးအဖေက မီးသတ်အရာရှိဟောင်းလက်ရှိမှာအားကစားကွင်းရဲ့ မီးကြီးကြပ်ရေးတာဝန်ရှိသူ “ဒါရန်မက်ကော့”… မိမိသမီးအသက်အန္တရာယ်ထဲရောက်နေတာကိုသိသွားတဲ့အချိန်မှာ မက်ကော့ဘာဆက်လုပ်မှာလဲ? သမီးဖြစ်သူအပါအဝင် ဒုသမ္မတနဲ့အရေးကြီးပုဂ္ဂိုလ်တွေကို အကြမ်းဖက်အဖွဲ့လက်ကနေလွတ်မြောက်အောင်ကယ်နိုင်မှာလား? သားဖြစ်သူအပါအဝင် ပရိသတ်ထောင်ပေါင်းများစွာရှိနေတဲ့ အားကစားကွင်းမှာတပ်ထားတဲ့ဗုံးတွေမပေါက်အောင်ကော တားနိုင်မှာလား? အက်ရှင်စတားဗန်ဒိန်းရဲ့အကောင်းဆုံးစာရင်းဝင်ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb rating 5.8 နဲ့ Google Users 90% ရရှိထားကာ ပေးကြည့်ရတဲ့အချိန်နဲ့တန်ပါလိမ့်မယ်။