Movie Name
Hello 3 (2017)
Year
2017
Generes
Action, Drama
Code
00386
Type
Movie
Size
951 MB
Country
Bollywood
Description
Hello III (2017) မြန်မာစာတန်းထိုး ************************* သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင် ဒီကားလေးကို ကြည့်သင့်ပါတယ် ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . . မနက် 7:30 အချိန်ကို ရောက်တိုင်း ကောင်လေးတစ်ယောက် ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်. သူ့မျက်နှာဟာ လွမ်းရိပ်သန်းနေတယ် တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . . အဲ့ဒိအချိန် ရုတ်တရတ် သူ့ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ် Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . . သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တာဖြစ်တဲ့အကြောင်း ဟိုဘက်က ပြောတယ် သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . . ရုတ်တရတ်. . . အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . . ဖုန်းပြောနေရင်း ဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . . သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . . ရိုးသားဖြူစင်လွန်းလှတဲ့ ကလေးဘဝမှာ သူကြားဖူးခဲ့တဲ့ အသံလေး. . . သူကိုယ်တိုင် ဖန်တီးထားတဲ့ သံစဉ်တစ်ခု. . . တစ်စုံတစ်ယောက်ရဲ့ တယောကနေ လှလှပပလေး ခုန်ပေါက်ဆတ်ဆော့ပြီး ဖြည်းဖြည်းညင်းညင်းနဲ့ ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာနေတာ ဟုတ်ပါရဲ့. . . ဒီအသံလေးနားစွင့်ရင်း သူဟာ အတိတ်ကို တဒင်္ဂပြန်ရောက်သွားတယ်. . . ကြာခဲ့ပြီ တိတိကျကျဆိုရရင် 14 နှစ်ရှိခဲ့ပြီ. . . တစ်စုံနစ်ခုကို သူ့နှလုံးသားထဲကနေ မျှော်လင့်တောင့်တရင်းနဲ့ ရှင်သန်နေခဲ့ရတာ 14 နှစ်တောင် ရှိခဲ့ပြီပဲ. . . . . . ဇာတ်လမ်းသွားကိုတော့ အဲ့ဒီလိုလေး စထားတယ်. . . ဟိုးအထက်မှာ ပြောခဲ့သလိုပဲ. . . ရသစုံပါဝင်ပြီး တမေ့တမောခံစားရလောက်တဲ့အထိကို ဇာတ်လမ်းဟာ ညှို့ယူဖမ်းစားနိုင်လွန်းပါတယ်. . . အချစ်ကား အကြည့်နည်းတဲ့ကိုယ်တောင် ဇာတ်လမ်းဆုံးတော့ ကြည်နူးတာလား ဝမ်းနည်းတာလား အမျိုးအမည်မသိတဲ့ ခံစားချက်နဲ့ ကိုယ့်ကိုကိုယ် သတိထားမိချိန် ပါးပြင်မှာ မျက်ရည်တွေ စီးကျနေပါပြီ. .