Movie Name
Mardaani 2 (2019)
Year
2019
Generes
Action, Crime
Code
04050
Type
Movie
Size
949 MB
Country
Bollywood
Description
၂၀၁၉ခုနှစ်မှာ အဆင့်သတ်မှတ်ချက်တွေ ကောင်းကောင်းရထားတဲ့ နာမည်ကြီးရုပ်ရှင် ဇာတ်ကားကြီး အောင်ပွဲခံအပြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံး မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုတွေနဲ့ ပြည့်နှက်နေချိန် ကိုတာရဲစခန်းကို အက်စ်ပီရွိုင်ဆိုတဲ့ ရဲမေတစ်ဦးရောက်ရှိလာခဲ့တယ်။ မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတစ်ဦးအလောင်းကို အဆောက်အဦးပျက်တစ်ခုရဲ့ ကန်စပ် တစ်ခုမှာ ရုပ်ပျက်ဆင်းပျက် တွေ့ရတယ်။ အက်စ်ပီရဲမေကတော့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ “အဲ့ဒီအောက်တန်းစားရာဇဝတ်ကောင်ရဲ့ ကော်လံကို ဆွဲပြီး တရားရုံးကို ခေါ်ခဲ့မယ်”လို့ ကတိပေးထားတယ်။ ဒါကို ကြားသွားတဲ့ တရားခံဟာ မာနခဲ မိန်းမတွေကိုမှ ခံတွင်းတွေ့တတ်သူဆိုတော့ ရဲမေကို စိန်ခေါ်မှုတွေ ပြုလုပ်လာပါတော့တယ် လူသတ်မှုတွေ တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပြီး သတ်ဖြတ်လာတယ်။ လူသတ်သမားဟာ အကျိုးစီးပွားမရရင်တောင် လူသတ်မှုနဲ့နာမည်ကြီးချင်လာတယ်။ ရဲမေရဲ့ အနီးကပ်အထိလူသတ်မှုတွေ လုပ်လာတယ်။ အင်မတန်မှ ပါးနပ်တဲ့ လူသတ်သမားဗီလိန်နဲ့ အထက်က ဖိအားပေးသလို ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကိုပါ ခံလာရတဲ့ ရဲမေတို့ရဲ့ ကစားပွဲကို ကိုယ်တိုင်ခံစားကြည့်ကြပါဦး။ ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတ