Movie Name
Motichoor Chaknachoor (2019)
Year
2019
Generes
Comedy, Drama
Code
04057
Type
Movie
Size
950 MB
Country
Bollywood
Description
ဘောလီဝုဒ်ပရိသတ်ကြီးအတွက် သဘာဝမင်းသားကြီး Nawazuddin Siddiqui ရဲ့ ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကလည်း ဟာသဒရာလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲ ဇာတ်လမ်းအညွှန်းပြောရရင်တော့ အန္နီးဆိုတဲ့ချာတိတ်မဆီမှာ အိပ်မက်တစ်ခုပဲရှိပါတယ် အဲ့ဒါကတော့ နိုင်ငံခြားမှာ အခြေချဖို့ပါပဲ သူ့မိဘကလည်း မပြည့်စုံတော့ သူ့ကိုသာနိုင်ငံခြားခေါ်သွားနိုင်မယ်ဆိုရင် အဲ့ဒိလူနဲ့လက်ထပ်ပြီး နိုင်ငံခြားလိုက်သွားမယ့်လူပါ နောက်တစ်ဖက်ကတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး နဝါးဇ်ဘိုင်ပါပဲ သူကတော့ အသက် ၃၆ နှစ်အရွယ် လူပျိုသိုးကြီးပါ သူကလည်း ဒူဘိုင်းပြန်တစ်ယောက်ဖြစ်သလို မိန်းမမှန်ရင် ဘယ်လိုမိန်းမရရ ယူမယ်ဆိုတဲ့လူပါ ကံတရားက ဒီနှစ်ယောက်ကို စုံစည်းပေးလိုက်တဲ့အခါမှာတော့ ပေါ့ပေါ့ပါးပါး မိသားစု ဟာသ ဒရာမာဇာတ်ကားလေးကို ခံစားကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….