Movie Name
Happy (2006)
Year
2006
Generes
Action, Drama
Code
00400
Type
Movie
Size
871 MB
Country
Bollywood
Description
ဒီကားလေးက တောင်ပိုင်းမင်းသား အာလူအာဂျွန်းရဲ့ အလန်းစားကားလေးတစ်ကား ဖြစ်ပါတယ် ထူးခြားစွာပဲ ဒီကားမှာ နာမည်ကျော်မင်းသားကြီး Manoj Bajpayee လည်း ပါဝင်ပါသေးတယ် ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် ဘန်နီဆိုတာ တောနယ်ကနေ မြို့ပေါ်တက်လာပြီး ပီဇာဆိုင်မှာ Delivery သမားအဖြစ် လုပ်ကိုင်ရင်း ကျောင်းတက်နေတဲ့ လူပျော်လေးတစ်ယောက်. . . တစ်နေ့တော့ နယ်မှာတုန်းက ဆုံတွေ့ခဲ့ဖူးတဲ့ ဗာဆူမတီဆိုတဲ့ ဆေးကျောင်းသူလေးနဲ့ သူအလုပ်လုပ်နေတဲ့ ပီဇာဆိုင်မှာပဲ ပြန်ဆုံပြန်တယ် ဗာဆူမတီဆိုက နိုင်ငံရေးသမားရဲ့ သမီး ဖခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ ဖိအားပေးခြင်းခံနေရတာကြောင့် ကြံရာမရဖြစ်နေလို့ ဘန်နီ့ကို အကြံတောင်းရင်း ဟန်ဆောင်လင်မယားအဖြစ် ဗာဆူမတီကျောင်းပြီးတဲ့အထိ နေဖို့ သဘောတူလိုက်ကြတယ် ခေါင်းမာလှတဲ့ ဖခင်က ဗာဆူမတီတို့ကို မယုံသင်္ကာဖြစ်ပြီး ရဲဝန်ထမ်း အာရ်ဗင်းနဲ့ အိမ်ထောင်ချပေးဖို့ စီစဉ်တာကြောင့် ဘန်နီက အာရ်ဗင်းကို အကျိုးအကြောင်း သွားပြောပြတယ် ဘန်နီ့ကို ခင်သွားတဲ့ အာရ်ဗင်းကပဲ သူတို့ နှစ်ယောက်ကို ရုံးမှာလက်မှတ်ထိုးပြီး လက်ထပ်ပေးလိုက်တယ်. . . ဟန်ဆောင်လင်မယားအဖြစ် နေရင်း အချင်းချင်းဖြစ်ကြတဲ့ ပြသနာလေးတွေ ဗာဆူမတီရဲ့ ဖခင်ကြီးကို မကျေနပ်တဲ့ ပြိုင်ဘက်နိုင်ငံရေးသမားတွေ အဲ့ဒီလို အားပြိုင်မှုတွေအပြင် အတိုက်အခံတွေဘက်က အကြမ်းနည်းသုံးပြီး ဗာဆူမတီ့ကိုပါ ပြန်ပေးဆွဲဖို့အထိ စီစဉ်လာတဲ့အခါ. . . ဇာတ်လမ်းဟာ အရှိန်ကောင်းကောင်းနဲ့ အဆုံးသတ်အထိ ဆွဲခေါ်သွားမှာ အသေအချာပါပဲ. . . အာလူအာဂျွန်းရဲ့ကားဆိုတော့ မကောင်းမှာလည်း မပူရသလို တမူထူးခြားတဲ့ ဟန်နဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်. . .