-
Movie Name
-
Okka Kshanam (2017)
-
Year
-
2017
-
Generes
-
Action, Thriller
-
Code
-
00408
-
Type
-
Movie
-
Size
-
602 MB
-
Country
-
Bollywood
-
Description
-
နှစ်ကြိမ်ဖြစ်တော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ရဲ့။ သုံးလေးကြိမ်မက အားလုံးတူညီနေတော့ တိုက်ဆိုင်မှုထက် ပိုသွားပြီ။ ဥပမာ ပြောရရင် လင်ကွန်း နဲ့ ကနေဒီ လိုပေါ့ နှစ်တစ်ရာပဲ ကွာပြီး အားလုံးတူနေတာမျိုး။ အဲ့လို တစ်ထပ်တည်းကျ တူနေတာမျိုးကို Parallel Life လို့ ခေါ်တယ်။ ဒီဇာတ်ကားလေးက လင်ကွန်းနဲ့ ကနေဒီတို့ ထပ်တူကျမှုကို ဥပမာယူပြီး ဇာတ်အိမ်တည်းထားတာဆိုတော့ တစ်ယောက်ဖြစ်တာ နောက်တစ်ယောက်ဖြစ်ရတော့မယ်။ ဇာတ်လမ်းထဲမှာ ဂျီဗာနဲ့ ဂျို တို့အတွဲရယ်၊ ဂျိုတို့ အိမ်ရှေ့က ရှီနီဗာ နဲ့ ဆွာတီတို့ အတွဲရယ်။ Parallel Life ကျတဲ့ အတွဲနှစ်တွဲပေါ့။ ရှီနီဗာနဲ့ ဆွာတီတို့ကို အိမ်ထောင်ရေး အဆင်မပြေသူများအဖြစ်ပုံဖော်ထားပြီး၊ သူတို့အတွဲ ဖြစ်ပျက်သမျှ ဂျီဗာနဲ့ ဂျို ဖြစ်လာတယ်။ Parallel life ဖြစ်နေတယ်ဆိုတာ သိရတော့ ဂျီဗာနဲ့ ဂျိုတို့အတွဲဟာ သူတို့ရဲ့အနာဂတ်အဖြစ် မြင်နေရတဲ့ ရှီနီဗာနဲ့ ဆွာတီတို့ ဘဝတွေကို ကြည့်ရင်း စိုးရိမ်ကြောက်ရွံ့လာခဲ့ပါတယ်။ ” သူတို့ရဲ့ပစ္စုပ္ပန်က မင်းတို့ရဲ့အနာဂတ်ပဲ ” တဲ့။ မထင်မှတ်ဘဲ ဆွာတီဟာ သေဆုံးခဲ့တယ်။ ဘယ်သူ သတ်တာလဲ? သေကြောင်းကြံတာလား? ဘာကြောင့် သတ်တာလဲ? ဘာကြောင့် ကြံတာလဲ? ဂျိုဟာ သူ့အနာဂတ်ဖြစ်တဲ့ ဆွာတီဆုံးတော့ သူလည်း သေရတော့မှာကို ကြောက်ရွံ့လာတယ်။ ဂျီဗာဟာ အဖြေစရှာပါတော့တယ်။ အဖြေသိမှ ဂျိုကို ကယ်နိုင်မှာ ဖြစ်သလို ကံကြမ္မာကို တားဆီးနိုင်ပါ့မလား? B57 ကားပါကင်ထဲက လူသတ်သမားလား? ခင်ပွန်းဖြစ်သူကပဲ သတ်ပစ်လိုက်တာလား? ဂျိုလည်း ဆွာတီလို ဖြစ်မလား? တားဆီးနိုင်မှာလား? ဖြစ်လာမလား? အဖြေရှာရင်းပဲ တခြားအမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဆေးရုံထဲက ကလေးငါးယောက်ကိစ္စပေါ့။ သူတို့ကံကြမ္မာက ဘာလို့ဒီလို ကံဆိုးခဲ့ရတာလဲ? ။ အစပိုင်းမှာတော့ အချစ်ဇာတ်လမ်းဖြစ်ပြီး အလယ်ကနေ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားလေးပါ။ အချစ်ဇာတ်လမ်း ကြိုက်တဲ့သူတွေရော၊ လျှို့ဝှက်သဲဖို ကြိုက်တဲ့သူတွေရော အကြိုက်တွေ့စေမယ့် ကားလေးပါလို့ ပြောပါရစေ။