Movie Name
And The Winner Is Love (2020)
Year
2020
Generes
Action, Drama, Historical
Code
SC0008
Type
Series
Size
17.1 GB
Country
China
Description
ချုံဟော်နန်းတော်ရဲ့ မင်းသမီးလေး ချုံရွှယ်ကျီးဟာ သိုင်းလောကအတွေ့အကြုံတွေရချင်တာကြောင့် သူမအိမ်ကနေ ထွက်ပြေးရင်း ယွဲ့ရှန့်တောင်ကြားသခင် ရှန့်ကွမ်းထို့ဆီရောက်လာခဲ့ပါတယ် သူမအိမ်ကနေထွက်ပြေးလာချိန်မှာပဲ ချုံဟော်နန်းတော်ရဲ့ ရတနာတစ်ပါးဖြစ်တဲ့ "ကြာပန်းနတ်ဘုရားရဲ့ နည်းလမ်းကိုးဖြာ"သိုင်းကျမ်းဟာ အခိုးခံလိုက်ရတာကြောင့် သူမကိုနန်းတော်ကနေ နှင်ထုတ်တာခံလိုက်ရပါတယ် အဲ့တာကြောင့် သူမဟာ ရှန့်ကွမ်းထို့နဲ့အတူ တရားခံကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ် သိုင်းလောကထဲမှာ အမှုကိစ္စတွေ ဆင်းရဲဒုက္ခတွေ အတူကြုံတွေ့ရပြီးတဲ့နောက်မှာ ချုံရွှယ်ကျီးနဲ့ ရှန့်ကွမ်းထို့တို့ဟာတစ်ယောက်က်ိုတစ်ယောက်ချစ်မြတ်နိုးမိကြပြီး လက်ထပ်ခဲ့ကြပါတယ် တစ်ချိန်တည်းမှာပဲ "ကြာပန်းနတ်ဘုရားရဲ့ နည်းလမ်းကိုးဖြာ"သိုင်းကျမ်းကို ခိုးယူသွားတဲ့တရားခံဟာ သိုင်းပညာမှာကျွမ်းကျင်ပြီး ကျန်းဟူမှာ ဖျက်ဆီးသောင်းကျန်းနေတဲ့ဆိုတဲ့သတင်းဟာထွက်ပေါ်လာခဲ့ပါတယ် သူတို့ဇနီးမောင်နှံဟာ တရားခံက ချုဟော်နန်းတော်ရဲ့ အုပ်ချုပ်သူ မုယွမ်ဆိုတာသိရှိပြီး တားဆီးဖို့ သွေးချောင်းစီးတိုက်ပွဲတွေဆင်နွှဲရပါတော့တယ် သူတို့ဘယ်လို ဆင်းရဲဒုက္ခတွေကိုကြုံတွေ့ခဲ့ရတာလဲ သူတို့ရဲ့လှပတဲ့အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်တည်လာတာလဲ သွေးချောင်းစီးတိုက်ပွဲတွေကိုရော သူတို့ဘယ်လို ဖြတ်ကျော်ကြမှာလဲဆိုတာကိုသိချင်ရင်တော့ "And The Winner is Love" "ကိုးဖြာသိုင်းကျမ်း နတ်ကြာပန်း" ဆိုတဲ့Dramaလေးကို Soulမှာ ဆက်လက်စောင့်ကြည့်ပေးကြပါနော်။ ဒီထဲမှာ Ashes of Loveထဲက ညနတ်သားတစ်ဖြစ်လှည့် SoulKingdomကတင်ဆက်ခဲ့တဲ့ Princess Silverထဲက Rong Qiနေရာသရုပ်ဆောင်ခဲ့တဲ့ Luo Yun Xiက အဓိကဇာတ်ဆောင် ရှန့်ကွမ်းထို့အဖြစ်ပါဝင်ထားပါတယ် ဓားနှစ်လက်ရဲ့ရာဇဝင်(2019 ver)ရဲ့ ကျောက်မိန်တစ်ဖြစ်လှည့် SoulKingdom ကတင်ဆက်ခဲ့တဲ့ တစ်သက်နှစ်ဘဝဖူးစာထဲက ဖုန်းမြန့်ဝမ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Chen Yu Qiက ချုံရွှယ်ကျီးအဖြစ်ပါဝင်ထားပါတယ်နော်