Movie Name
1917 (2020)
Year
2020
Generes
War
Code
04074
Type
Movie
Size
937 MB
Country
Hollywood
Description
1917 (2020 ) ဒီကားလေးကတော့ အခုတလောမှာအရမ်းကိုနာမည်ရနေတဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဘာဖြစ်လို့လဲဆိုတော့ ရိုက်ကူထားတဲ့ ပုံစံဟာ One Shotပုံစံဖြစ်အောင်ရိုက်ကူးထားတာဖြစ်ပြီးတော့ အရမ်းကိုထူးခြားသွားအောင်ရိုက်ကူးထားတဲ့အကြောင်းပါ။ ဇာတ်လမ်းသွားကလည်းကောင်း ရိုက်ကူးပုံကလည်းကောင်း အထူးသဖြင့် ကင်မရာအယူအဆ ယူဆပုံတွေ စစ်တွင်းဖြစ်ပျက်ပုံတွေကို One Shot ပုံစံရိုက်ကူးထားတဲ့အတွက်လည်းအရမ်း ကြည့်ကောင်းပါတယ်။ မင်းသားအနေနဲ့George MacKay နဲ့ Dean-Charles Chapman တို့က ပါဝင်သရုပ်ထားပြီးတော့ ဧည်သည်သရုပ်ဆောင်အဖြစ် Doctor Strange ကြီး Dean-Charles Chapman ဝင်ရောက်ပါဝင်ပေးထားပါတယ်။ ဒီဇာတ်ကားကတော့ Golden Global Award ကို ရရှိထားခဲ့ပြီး World War Iကို အခြေခံပြီးရိုက်ထားတဲ့ စ်ကားကောင်းကောင်းတကားလည်း ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့…. ပထမကမ္ဘာစစ်မှာ ဂျာမန်တို့နဲ့တိုက်ခိုက်ရာမှာ ဂျာမန်ဘက်က လှည့်ကွက်သုံးကာ တပ်ဆုတ်သယောင်ယောင်ပြုလုပ်ကာ အင်္ဂလန်တို့ကိုမြှားကာ တပ်ရင်းဆီကို ခေါ်ဆောင်ကာထောင်ချောက်ဆင်ပြီးတော့ တိုက်ခိုက်မှာပါ။ ထိုသို့တိုက်ခိုက်မည်ကို သိနေတဲ့ အင်္ဂလန်တပ်ရင်း၈ နဲ့ ဂျာမန်နောက်အားလိုက်လံတိုက်ခိုက်နေတဲ့ တပ်ရင်းနဲ့ဟာ တစ်နေကုန်ခရီးခန့်သွားရမှာဖြစ်ပါတယ်။ ထိုအခါ တိုက်ခိုက်ခြင်းက ထောင်ချောက်ဖြစ်သကဲ့သို တိုက်ခိုက်မှုကိုတားရန် ဒုတပ်ကြပ်နှစ်ယောက်ကို အမိန့်စာနဲ့တစ်ကွ လွတ်ပေးလိုက်ပါတယ်။ လမ်းခရီးတစ်လျောက်မှာထိုနှစ်ယောက်ဘယ်လိုအခက်အခဲတွေကြုံမလဲ…. အမိန့်စာကိုရော ရောက်အောင်ပေးနိုင်ပါ့မလား…. နောက်ကျသွားမလား ဆိုတာကတော့……