Movie Name
Invasion U.S.A (1985)
Year
1985
Generes
Action, Thriller
Code
04092
Type
Movie
Size
924 MB
Country
Hollywood
Description
ဒီတစ်ခါတော့ ကျွန်တော်တို့တွေကြားမှာ အစိမ်းသက်သက်ဖြစ်နေတဲ့ ချက်နောရစ် ဆိုတဲ့အက်ရှင်မင်းသားကြီးတစ်ယောက်ရဲ့ ၁၉၈၀ ပြည့်လွန်နှစ်များဆီက “Invasion USA” ဆိုတဲ့ action ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဉ်းကတော့ မတ်ဟန်တာဆိုတဲ့ ချက်နောရစ်က CIA အေးဂျင့်ဟောင်းတစ်ယောက်ပါ။အေးဂျင့်အဖြစ်မှအနားယူပြီးနောက် သူ့ရဲ့မိတ်ဆွေတစ်ယောက်နဲ့ မိကျောင်းဖမ်းဆီးတဲ့အလုပ်လုပ်ကိုင်နေလျက်ရှိပါတယ်။ထိုအတောအတွင်းကာလ၌ အမေရိကန်ပြည်ထောင်စုအတွင်းသို့ နိုင်ငံတစ်ဝန်းအကြမ်းဖက်ရေးဦးတည်ချက်နဲ့ မီခေးလ်ရော့စတော့ဗ်ဦးဆောင်တဲ့ ရုရှားကွန်မြူ နစ်ထောက်ခံသူအကြမ်းဖက်အဖွဲ့ဝင်ရောက်လာပါတယ်။မီခေးလ်ဆိုတာကလည်း မတ်ဟန်တာနဲ့အတိတ်မှာပတ်သက်မှုတွေရှိခဲ့ဖူးပါတယ်။ထိုအတိတ်က မတ်ဟန်တာရဲ့ခြောက်လန့်မှုတွေကို မီခေးလ်တစ်ယောက်အမြဲခံစားနေရပါတယ်။တစ်ည ထိုခြောက်လှန့်မှုကိုမခံစားနိုင်တော့တဲ့အဆုံး အကြမ်းဖက်စစ်ဆင်ရေးမစခင် သူ့ကိုအရင်ရှင်းထုတ်မယ့်အစီအစဉ်နဲ့ မတ်ဟန်တာနေထိုင်ရာအိမ်ကို သွားရောက်ဖျက်ဆီးခဲ့ပါတယ်။အဲ့ဖြစ်ရပ်၌ မတ်ဟန်တာရဲ့မိတ်ဆွေသေဆုံးခဲ့ရပြီးနောက်မှာတော့ မတ်ဟန်တာတစ်ယောက် သူ့ကိုလက်စားပြန်ချေတဲ့စိတ် ပြီးတော့ အမိနိုင်ငံကိုကာကွယ်ချင်တဲ့ခံယူချက်တွေကြောင့် အေးဂျင့်အဖြစ်ပြန်လာဝင်ရောက်လာပါတယ်။အဲ့နောက်မှာတော့ ချက်နောရစ်အနေနဲ့ အဖွဲ့အစည်းနဲ့ပူးပေါင်းပြီးပြန်လည်တိုက်ခိုက်မှာလား တစ်ကိုယ်တော်အနေနဲ့ပဲ စစ်ဆင်ရေးလုပ်မလားဆိုတဲ့စိတ်ဝင်စားစရာအပြည့်နဲ့အကြမ်းအရမ်းစုံလင်တဲ့ ဒီကားကိုကြည့်ရှုရင်းနဲ့ခံစားကြပါလို့သတင်းကောင်းပါးလိုက်ရပါတယ်။