-
Movie Name
-
8 Thottakkal (2017)
-
Year
-
2017
-
Generes
-
Action, Crime, Thriller
-
Code
-
00429
-
Type
-
Movie
-
Size
-
900 MB
-
Country
-
Bollywood
-
Description
-
ဒီ ဇာတ်ကားလေးနာမည်က “ကျည်ရှစ်တောင့်”တဲ့ဗျ။ အဓိက တင်ပြချင်တဲ့ ဇာတ်လမ်းကို ကျည်ဆံရှစ်တောင့်နဲ့ ပုံဖော်ထားပါတယ်။ ဒါရိုက်တာရဲ့ တင်ပြပုံအားကောင်းမှု၊ ဇာတ်လမ်းကို စိတ်ဝင်တစားနဲ့ နစ်မျောစေတဲ့ ဇာတ်ညွှန်းရဲ့ အားကောင်းမှုတွေကို အားရဖွယ် ခံစားရစေမှာပါ။ ဒီဇာတ်ကားလေးမှာဆိုရင် တာမီးလ် မင်းသား Vetri နဲ့ M. S Bhaskar တို့ အဓိက သရုပ်ဆောင်ထားပါတယ်။ မင်းသား Vetri ဟာ ရဲတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက ဘဝကို နာကျင်ခဲ့ရသူပါ။ စခန်းတစ်ခုလုံးမှာ အေးအေးဆေးဆေး နေတတ်သူ တစ်ယောက်ပါ။ Vetri အား အမှုတစ်ခုကို ကိုင်တွယ်ဖို့ တာဝန်ပေးခံရတဲ့အခါ မမျှော်လင့်ဘဲ ကျည်ဆံ ရှစ်တောင့်ဖြည့်ထားတဲ့ သေနတ် ပျောက်ဆုံးခဲ့ပါတယ်။ အဲ့ဒီသေနတ်ဟာ မှောင်ခိုဈေးကွက်ထဲ ရောက်သွားပြီး ငွေကြေးချို့တဲ့လို့ ဘဏ်ကို ဓားပြတိုက်မယ့် သုံးယောက်ဂိုဏ်းလက်ထဲ ရောက်ရှိသွားခဲ့ပါတယ်။ ဘဏ်ဓားပြတိုက်ရာက တဆင့် လူသတ်မှုအထိ ကျုးလွန်သွားတဲ့အခါ သေနတ်ပိုင်ရှင် ရဲသား Vetriဟာ ရာထူးက ခေတ္တရပ်နားခြင်း ခံလိုက်ရပါတယ်။ မမျှော်လင့်ဘဲ ဘဏ်ဓားပြဖွဲ့ခေါင်းဆောင်နဲ့ အနေအေးတဲ့ ရဲသားတို့ဟာ မိတ်ဆွေတွေ ဖြစ်လာခဲ့ကြပြီး ဓားပြခေါင်းဆောင်ဆိုတာ မသိတော့ ရဲသားဘက်ကကရုဏာသက်လာပါတော့တယ်။ ဇာတ်တက်ပိုင်းမှာ ပိုပြီး အားကောင်းလာကာ ဓားပြအဖွဲ့ခေါင်းဆောင်ရဲ့ ဘဝဇာတ်စုံ၊ ငွေကြေးလိုအပ်ချက်တွေနဲ့ ဘဝကို ခက်ခဲစွာဖြတ်သန်းခဲ့ရပုံတို့ကို ဇာတ်ဆင်းပိုင်းထိ ဇာတ်ကွက်တစ်ကွက်ချင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ပြထားပါတယ်။ ဇာတ်ညွှန်းဆရာရဲ့ အားကောင်းမှုလို့ ယူဆမိပါတယ်။ ဇာတ်သိမ်းကို ပရိသတ်တွေ ငြင်းဆိုစရာ မရှိအောင် နှစ်မျိုး နှစ်ဖုံ ဇာတ်သိမ်းထားပါတယ်။ ဇာတ်လမ်းရဲ့ အားကောင်းမှုတွေနဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ပင်စင်စားဘဝကို လူတိုင်း ခံစားမိအောင် တင်ပြထားပုံနဲ့ ဇာတ်သိမ်းရဲ့ လှည့်ကွက်တွေကို ခံစားကြည့်ကြပါဦးဗျာ။