-
Movie Name
-
Blowing In The Wind
-
Year
-
2019
-
Generes
-
Romance
-
Code
-
SC0013
-
Type
-
Series
-
Size
-
10.6 GB
-
Country
-
China
-
Description
-
Eternal Loveထဲက မိုလျန်ချန်းရဲ့ဇာတ်ကားအသစ်လေးပါ ဇာတ်လမ်းအကျဉ်း ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို Chinese adventure comedy romance movie နဲ့မိတ်ဆက်ပေးပါရစေ။ Movie name ‘Blow in the wind’ ‘Blow in the wind’ ဇာတ်ကားလေးကိုယခုနှစ် ၂၀၁၉ ခုနှစ်မှာစတင်ရိုက်ကူးခဲ့ပြီးစုစုပေါင်းအပိုင်း ၂၈ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ ဒီကားလေးရဲ့ဒါရိုက်တာနဲ့ဇာတ်ညွှန်းရေးသူကတော့ Li Bing Qiang (လီပင်းချန်) ဖြစ်ပြီး ဒီကားလေးကို Youku channel မှာထုတ်လွှင့်ပြသလျှက်ရှိပါတယ်။ Main lead actor – Xia Di (ရှတိ) အဖြစ်(Eternal loveထဲက မိုလျန်ချန်) Xing Zhao Lin ပါဝင်ထားပြီး Main lead Actress-Lin Feng (လင်းဖုန်း) အဖြစ် Eleanor Lee (ထိုင်ဝမ်အဆိုတော်) တို့ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းကိုတောင်တက်ဝါသနာပါတဲ့လူငယ်လေးတစ်စုရဲ့အကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Lin Feng (လင်းဖုန်း) ဟာချိန်ဟော်တက္ကသိုလ်မှာရှိတဲ့တောင်တက်အသင်းမှာတက်ရောက်နေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့idolဖြစ်တဲ့စီနီယာ ရှတိကို အရင်ထဲကသိနေတာဖြစ်ပြီး ရှတိကို သူမတို့တောင်တက်အသင်းရဲ့ နည်းပြလုပ်ခိုင်းဖို့ကြိုးစားနေတဲ့သူတစ်ယောက်လဲဖြစ်ပါတယ် နည်းပြလုပ်ခိုင်းဖို့ကြိုးစားရာကနေ နားလည်မှူလေးတွေလွဲခဲ့တယ် တစ်ယောက် နဲ့ တစ်ယောက်နားလည်မှုလွဲရာကနေဘယ်လိုအချစ်ဇာတ်လမ်းလေးအဖြစ် ပြောင်းသွားမလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ကြည့်ကြပါအုံးနော်။ Jun 6 ရက်နေ့ကစတင်ထုတ်လွှင့်ပြီး အပတ်စဉ်နေ့တိုင်းပြသလျက်ရှိပါတယ် ratingမှာလဲ 7.8 အထိရရှိထားတဲ့ဇာတ်လမ်းလေးပါ ဒီဇာတ်လမ်းတွဲလေးကိုလဲ MMATV ပရိတ်သတ်များဆက်လက်စောင့်မျှော်အားပေးကြပါအုံးရှင့်