-
Movie Name
-
Spy-Intervention (2020)
-
Year
-
2020
-
Generes
-
Action, Comedy
-
Code
-
04132
-
Type
-
Movie
-
Size
-
900 MB
-
Country
-
Hollywood
-
Description
-
2020 မှ လောလောလတ်လတ် ထွက်ထားတဲ့စပိုင်ဟာသကားလေး။ ပေါ့ပေါ့ပါးပါးလေးနဲ့ အပျင်းပြေကြည့်လို့အဆင်ပြေတဲ့ကားလေး။ မင်းသားက လက်နက် ရဖို့ကြိုးစားနေတဲ့ လူဆိုးနောက်ကို လိုက်ရင်း မင်းသမီးနဲ့ တိုက်မိရင်း တွေ့ကြတယ်။ လူဆိုးကတော့ အဲဒါကြောင့် လွတ်သွားတယ်။ မင်းသားကတော့ မင်းသမီးကို စတွေ့ကတည်းက သဘောကျသွားတာကြောင့် သူ့အလုပ်ကိုပါ စွန့်လွှတ်ပြီး မင်းသမီးကို လက်ထပ်ဖို့ ကြိုးစားတော့တယ်။ သူတို့လက်ထပ်ဖြစ်ပ်ီး မင်းသားက ပုံမှန်ဘဝမှာ အသားကျအောင် ကြိုးစားနေတဲ့အချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ မင်းသမီးကရော မင်းသားအကြောင်းကို ဘယ်အချိန်မှာသိသွားမှာလဲ။ သူ့အလုပ်မှာရော အဆင်ပြေပါ့မလား။ အဲလို ရုန်းကန်နေရချိန်မှာ အရင်ကိစ္စတွေနဲ့ ပြန်လည် ပတ်သက်လာရတဲ့အခါမှာတော့…… ဇာတ်လမ်းကတော့ သိပ်ထူးထူးဆန်းဆန်းမဟုတ်။ မင်းသား မင်းသမီးကလည်း အရမ်းနာမည်ကြီးနေတာတွေ မဟုတ်ပေမယ့် သူ့ဇာတ်လမ်း ဇာတ်ကွက်လေးနဲ့ ကြည့်လို့တော့ အဆင်ပြေပါတယ်။ Low budget ဆိုတော့ တချို့နေရာတွေ CGI ထည့်ထားတာတွေတော့ သိပ်မကောင်း။ ဒါပေမယ့် ပေါ့ပေါ့ပါးပါး ဇာတ်ကားလေး ကြည့်ချင်တယ်ဆို အဆင်ပြေတဲ့ ကားလေး ဖြစ်ပါကြောင်း