Movie Name
Guns Akimbo (2019)
Year
2019
Generes
Action, Comedy, Thriller
Code
04163
Type
Movie
Size
916 MB
Country
Bollywood
Description
ညစ်ပတ်ပြီး ကြမ်းတမ်းတဲ့ ဟာသ အက်ရှင် အမျိုးအစားဖြစ်လို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး။ ကောင်းတာတော့ အတော်ကောင်းပါတယ်။ ဟယ်ရီပေါ်တာ မင်းသားက ဒီလိုကားတွေနဲ့ အတော်အကျိုးပေးပုံပါပဲ။ ဒီကားမှာတော့ မိုင်လ် ဆိုတဲ့ ကောင်လေးတစ်ယောက်ပေါ့။ မိုင်လ်ဟာ ကုမ္ပဏီတစ်ခုမှာ ကွန်ပြူတာလေး တစ်လုံးနဲ့ အလုပ်လုပ်ရတဲ့ ကောင်လေး၊ လက်တွေ့ဘဝမှာဘယ်သူမှ အထင်မကြီးသလို၊ ဘာမှလည်း အရာမရောက်တဲ့ ကောင်လေးပါ။ ဒီလိုလူတွေရဲ့ ထုံးစံအတိုင်း အင်တာနက်ပေါ်မှာ ထရိုးလိုလို ဂိလိုလိုနဲ့ ဖောင်းထုပြီး ဖင်နာရှာရင်း ပျော်နေရတဲ့ သူပေါ့။ ဒါပေမယ့် သူဖောင်းထုတာ လူမှားသွားပါတယ်။ လူတွေကိုဖမ်းပြီး လူသတ်ပွဲတွေလုပ်ခိုင်းရင်း တိုက်ရိုက်ထုတ်လွှင့်တဲ့ ကောင်တွေကို သွားပြီး ဖောင်းထုမိတာပါပဲ။ ဟိုက တည်နေရာကိုရှာပြီး အိမ်အထိ လာရိုက်တဲ့ အခါမှ ခြေသလုံးဖက်တောင်းပန်ပေမယ့် မမှီတော့ပါဘူး။ ရလာဒ်ကတော့ လူသတ်ကစားပွဲထဲကို အသွင်းခံရပြီး၊ အတော်ဆုံး ကစားသမားနဲ့ အသက်လု ချရဖို့ ဖြစ်လာတော့တာပါပဲ။ ဒီလိုသောက်ပေါနဲ့ တကယ့် လူသတ်သမားအကြမ်းစားတို့ ပြေးကြလွှားကြ တိုက်ကြရင်း အဲဒီပွဲက အင်တာနက်မှာလူကြည့်အများဆုံးဖြစ်လာပြီး သူလည်း တစ်ရက်ထဲနဲ့ နာမည်ကျော်လာပါတော့တယ်။ ဒီလောက်ဆို ဆက်ကြည့်ချင်မယ်ထင်ပါတယ်၊ ဆက်မပြောပြတော့ဘူးနော်။ စကားလုံးရော ရိုက်ချက်တွေရော ကြမ်းလို့ အိမ်မှာ မိသားစုနဲ့ ကြည့်လို့မသင့်တာ သတိပေးပါရစေ။