Movie Name
Bhangra Paa Le (2020)
Year
2020
Generes
Comedy, Drama
Code
04165
Type
Movie
Size
951 MB
Country
Bollywood
Description
ဒီတစ်ခါတော့ ဘော်လီဝုဒ်ဖန်တွေအတွက် အက,အလှတွေစုံစုံညီညီနဲ့ Musical, Drama ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်အသစ်တွေဆိုပေမယ့် အက်တင်ပိုင်းမှာပြောစရာမရှိဘဲ တကယ်ကိုတော်ကြသလု် က,ကွက်တွေလည်း ရှယ်တွေပါပဲ ဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကုလားဒါရိုက်တာတွေလိုမဟုတ်ဘဲ ပွဲဦးထွက်ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့် ဒီဒါရိုက်တာကတော့ ဖြစ်နိုင်တာ လုပ်နိုင်တာကိုပဲ ဟာကွက်မရှိအောင် ချပြသွားပါတယ် ထုတ်လုပ်ရေးကလည်း ကားကောင်းများစွာဖြန့်ချီထားတဲ့ RSPV ဆိုတော့ ပြောစရာမလိုလောက်အောင်ပါပဲ ဒီဇာတ်ကားထဲကမင်းသားက ဆန်ဂျူးဇာတ်ကားထဲမှာ ကမ်လီအဖြစ်လူသိများခဲ့တဲ့ မင်းသား Vicky Kaushal ရဲ့ညီ Sunny Kaushal ပဲဖြစ်ပါတယ် နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 6.5/10 အထိရထားပါတယ် ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲ သူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲ ဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲ သူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါ ဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော စီမီးဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ် အက,တော်တဲ့ဒီကောင်မလေးကို သူ့အသင်းမှာပါဖို့ စည်းရုံးတဲ့အခါမှာ ဒီကောင်မလေးဟာ သူ့ပြိုင်ဘက်ကောလိပ်ကဖြစ်နေပါတော့တယ် မြင်မြင်ချင်းသဘောကျမိတဲ့ကောင်မလေးနဲ့ သူ့အိပ်မက်ထိပ်တိုက်တွေ့လာလေသောအခါမှာတော့ … (ရဲရဲကြီးအာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ABCD လို ပေါကားတွေထက် အဆတစ်ရာလောက် သာတယ်ဆိုတာပါပဲ) ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…