Movie Name
First Love (2019)
Year
2019
Generes
Action, Comedy, Crime
Code
04169
Type
Movie
Size
907 MB
Country
Japan
Description
လက်ဝှေ့သမားလေး လီယိုတစ်ယောက်ဟာ အပွဲပွဲအနိုင်တိုက်နိုင်ခဲ့သမျှ တစ်ပွဲမှာတော့ မူးလဲသွားလို့ဆေးခန်းသွားပြခဲ့ရာက ဦးနှောက်အကျိတ်တည်တာကိုသိခဲ့ရတယ် ယူရီ (သို့) မိုနီကာဆိုတဲ့မိန်းကလေးဟာ ယာကူဇာဆီမှာအကြွေးတင်နေတဲ့အဖေကြောင့် ကြွေးနဲ့သိမ်းခံထားရပြီး ပြည့်တန်ဆာလုပ်ပြီး ကြွေးဆပ်ပေးနေရတယ် ဆေးကလည်းစွဲနေတော့ သူ့ဘဝဟာလှုပ်လေမြုပ်လေ ဆေးရှိန်ပျောက်ရင်အမြဲနှိပ်စက်တတ်တဲ့သူ့အဖေကိုသာမြင်ယောင်ပြီး‌ကြောက်လန့်နေရပါတယ် ဂျပန်နဲ့တရုတ်လူဆိုးဂိုဏ်းတွေမတည့်တာကို အသုံးချပြီး ဘိန်းအရောင်းအဝယ်တစ်ခုကို ဖြတ်ခုတ်ဖို့ ကြံစည်နေတဲ့ ကာစဲဟာ ရဲဝန်ထမ်းတစ်ယောက်ကိုလည်း စည်းရုံးထားတယ် မိုနီကာကိုအသုံးချပြီး ဆေးတွေလက်ဝယ်ရအောင်စီစဥ်နေတဲ့အချိန် လောကကြီးကိုစိတ်ကုန်ပြီး သေဖို့ကြောက်လန့်နေတဲ့ လီယိုနဲ့မိုနီကာဆုံမိပြီး ကာစဲတစ်ယောက် စီစဥ်ထားသလိုမဖြစ်ဘဲ လူတွေတစ်ယောက်ပြီးတစ်ယောက် သတ်မိပြီး လူဆိုးဂိုဏ်းနှစ်ခုကြား ကြားညပ်ပြီး ကမောက်ကမတွေဖြစ်ကုန်ပါတယ် ပြေးပြေးလွှားလွှားနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ချင်သူတွေလက်မလွှတ်သင့်တဲ့ IMDb 7.0 နဲ့ရပ်တည်နေတဲ့ဂျပန်ကားကောင်းလေးဖြစ်ပါတယ်