-
Movie Name
-
Marn Buang Jai (နှလုံးသားကိုရိုက်ခတ်တဲ့မာန)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
ST0130
-
Type
-
Series
-
Size
-
1 GB
-
Country
-
Thai
-
Description
-
နှလုံးသားကိုရိုက်ခတ်တဲ့မာန
အခုတစ်ခါ Thai Series Fanကတင်ဆက်ပြသပေး
မယ့်ဇာတ်ကားသစ်ကတော့ Weir နဲ့ Mookda
အဓိကသရုပ်ဆောင်ထားသော Marn Buang Jai ဇာတ်ကားဖြစ်ပါတယ်
မင်မင်တို့မျှော်နေတဲ့ ဦးနဲ့ကလေးတို့ရဲ့ ဇာတ်ကားသစ်ကြီးက အခုလို ပရိတ်သတ်လက်ထဲကို ရောက်ရှိလို့လာပါပြီ
အရင်ဆုံး ထုတ်လွှင့်တဲ့ရက်ကိုလည်း တစ်ချက်မှတ်ထားပေးနော်
အပတ်စဉ် တနင်္လာ အင်္ဂါ တိုင်း ထိုင်းရုပ်သံ Ch 7 မှာ တိုက်ရိုက် live စောင့်ကြည့်နိုင်ပါတယ်
cast ::: Weir Sukollawat Kanarot
Mook Mookda Narinrak
Noey Paphada Klinsuman
Euro Yotsawat Tawapee
A Passin Reungwoot
Pim Pimpan Chalaikupp
Parn Khomkrit Duangsuwan နှင့် သရုပ်ဆောင်ပေါင်းများစွာ
ဇာတ်လမ်းအကျဉ်းလေးကတော့
***ဖန်လဒါက boarding school မှာ ပညာသင်ကြားနေတဲ့ကျောင်းသူတစ်ယောက်ပါ သူ့အဖေကတော့ နောက်မိန်းမ ဆွယ့်နဲ့ ဆွယ့်သမီးဆွန်နဲ့အတူ နေတာပေါ့ ......
***ထန်ဆိုတာကတော့ ဟိုတယ်ပိုင်ရှင်တစ်ယောက်ပေါ့ မိန်းမရှိပေမယ့် ဆုံးသွားပြီး သမီးလေးလုကော့နဲ့အဖေ တစ်မိုးအောက်မှာ နောက်အိမ်ထောင်မပြုပဲနေခဲ့တယ်
***သို့ပေမယ့် သူငယ်ချင်းဖြစ်သူ ဝမ် ဆုံးသွားတာကို အကြောင်းပြပြီး သူငယ်ချင်းသမီးလေးကို အကြောင်းပြပြီး ထန့်ကို ဝင်လုံးချင်တဲ့ မွန်ထရီ .........
***တစ်နေ့တော့ ဖန်လဒါအဖေက သူ့သမီးအားကစားပြိုင်ပွဲလာတဲ့နေ့မှာ လမ်းလျှောက်ရင်းဖုန်းပြောလာခဲ့ပါတယ်
တစ်ဘက်မှာလည်း သမီးလေးလုကော့ အကလေ့ကျင့်ရေးပွဲရှိလို့ ကားကို အလောတကြီးမောင်းလာတဲ့ ထန်
အဲ့ဒီနောက်တော့ ဖန်လဒါ့အဖေက ဖုန်းပြောရင်း ရုတ်တရက် လမ်းပေါ်ကို လဲကျသွားရာ အရှိန်ပြင်းပြင်းမောင်းလာတဲ့ ထန့်ကားနဲ့ မတော်တဆ တိုက်မိသွားပါတော့တယ်
သို့ပေမယ့် ကံတရားကြီးက ဖန်လဒါ့အဖေအနောက်ကွယ်မှာ ရှိမနေတော့ပေ.....
ဒါပေမယ့် ဖန်လဒါ့အဖေ မသေခင် ထန့်ကို အကူအညီတောင်းသွားခဲ့ပါတယ် အဲ့ဒါကတော့ သူ့သမီးလေး ဖန်လဒါ့ကို စောင့်ရှောက်ပေးပါဆိုပြီးတော့ပေါ့
နောက် ထန့်ဆီကနေ ကတိတောင်းခဲ့ပါတယ်
ဖန်လဒါကတော့ သူ့အဖေသေရတာ ထန့်ကြောင့်ဆိုပြီး ထန့်ကို အမုန်းကြီးမုန်း နေခဲ့ပါတော့တယ် အချိန်တိုင်း ထန့်ကို အရွဲ့တိုက် မွှေတတ်တဲ့ ဆယ်ကျော်သက်ကောင်မလေး
ဖန်လဒါ ထန့်ဘဝကြီးထဲကို အမှတ်မထင်ရောက်ရှိသွားတဲ့အခါ ဦးနဲ့ကလေးတို့ရဲ့ အပီအပြင် ရိုက်မန့်တစ်ဆန်မှုတွေကို ဒရမ်မာနှောပြီး ကြည့်ရှုလိုက်ရအောင် ပရိတ်သတ်ကြီးရေ