-
Movie Name
-
Witch Romance
-
Year
-
2014
-
Generes
-
Comedy, Romance
-
Code
-
SKR0361
-
Type
-
Series
-
Size
-
5.46 GB
-
Country
-
Korea
-
Description
-
39နှစ်ရှိပြီဖြစ်တဲ့ အပျိုကြီးBan Ji-yeon(Uhm Jung-hwa)ဟာသတင်းထောက်အဖြစ်အလုပ်လုပ်နေပါတယ်။သူမအလုပ်ကသာ
လျှင် ဘဝမှာအရေးအပါဆုံးဖြစ်ပြီး အဲဒီ့လိုအလုပ်ဂျိုးကပ်နေတာကို
သူငယ်ချင်းတွေက နောက်ကွယ်မှာ စုန်းမလို့ခေါ်ဝေါ်ကြပါသေးတယ်။သူမရဲ့နောက်ဆုံးရည်းစား 41နှစ်အရွယ် ဓာတ်ပုံဆရာ
Noh Shi-hoon (Han Jae-Suk)ဟာ မင်္ဂလာပွဲနေ့မှာ ပျောက်ဆုံးသွားခဲ့တာကြောင့်သာ သူမဟာ အချစ်ကိုငြီးငွေ့စိတ်ကုန်နေ
ပြီး အလုပ်ပေါ်မှာသာအားလုံး ပုံအောထားပါတော့တယ်။
Yoon Dong-ha (Park Seo-joon)ကတော့ 25နှစ်ချာတိတ်ဖြစ်
ပြီး သူငယ်ချင်းနဲ့ စတိုးဆိုင်လေးမှာဝင်ရောက်အလုပ်လုပ်ကိုင်ပါတယ်။သူတို့စတိုးဟာ customerတစ်ယောက်ကို Santa Clausကနေ Idolဖြစ်တဲ့အထိ ပံ့ပိုးပေးနိုင်ပါသေးတယ်။Dong ha
ဟာ ပျော်ရွှင်နေတဲ့ပုံပေါ်ပေမယ့် သူ့ရည်းစားနှလုံးရောဂါသည်
ဆုံးပါးပြီးတဲ့နောက် ခံစားချက်ကိုဖုံးကွယ်သိုဝှက်ထားတတ်သူရယ်ပါ။သူမ သေပြီးတည်းက သူ့ရည်မှန်းချက်တွေ၊အလုပ်အကိုင်တွေ
ပျောက်ဆုံးခဲ့ပါတယ်။
Ji-yeonနဲ့ Dong-ha တွေ့ဆုံပြီး အသက်အရွယ်ကွာပေမဲ့ သူတို့နှလုံးသားတွေကိုဖာထေးပြီး တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေကိုပါ ရှာတွေ့သွားတဲ့နောက်.....
Castsတွေအနေနဲ့ကတော့ Ban Ji-yeonအဖြစ် Wonderful
nightmare ဇာတ်ကားထဲက မမUhm Jung-hwaက ပါဝင်ထားပြီး Yoon Dong-haအနေနဲ့ လတ်တလောက ပြသသွားတဲ့ Itaewon class,What's wrong with secretary Kim? ဇာတ်ကားတွေထဲက မင်းသားချော Park Seo-joonက ပါဝင်ပေးထားပါတယ်။
အပိုင်း(16)ပိုင်းပါဝင်ထားတဲ့ (A witch's love) romance,drama ဇာတ်ကားလေးကို N1 channelက စီစဉ်တင်ဆက်သွားမှာဖြစ်တဲ့
အတွက် စောင့်မျှော်ကြည့်ရှုပါဦးနော်။