-
Movie Name
-
DEATH CAB (2019)
-
Year
-
2019
-
Generes
-
Thriller
-
Code
-
04171
-
Type
-
Movie
-
Size
-
516 MB
-
Country
-
Korea
-
Description
-
ဒီကားကတော့ ၂၀၁၉ ခုနှစ်ကရိုက်ကူးခဲ့ပြီး ၂၀၂၀ အစောပိုင်းမှာ ကိုရီးယားမှာထုတ်လွှင့်ပြသခဲ့တဲ့ Thriller အမျိုးအစားကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ညဖက်တွေဆို တက္ကစီသမားတစ်ယောက်က ခရီးသည်တွေကို ၃၁ လမ်းဆိုတဲ့နေရာကို ခေါ်သွားပြီးပြန်ပေးဆွဲပြီးသတ်ပစ်တတ်တယ်ဆိုတဲ့ သတင်းစကားတွေက ဂျီဟုန်းအထက်တန်းကျောင်းလေးမှာပျံ့နေပါတယ်။ အဲ့ကျောင်းမှာလျှို့ဝှက်သည်းဖိုတွေဆို စုံစမ်းချင်တတ်ကြတဲ့ ဆယ်ကျော်သက် Youtuber အဖွဲ့လေးတစ်ဖွဲ့ရှိတယ် ။ယောင်းဂျောင်း၊ဂျင်းဂီနဲ့ လီဆွန်းဆိုတဲ့ကောင်မလေး ၂ယောက်၊ကောင်လေး ၁ ယောက်ပါတဲ့ အဖွဲ့လေးပေါ့။ သူတို့ကဒီတက္ကစီလူသတ်သမားကို အရမ်းစိတ်ဝင်စားပြီးစုံစမ်းချင်နေကြတယ်။ အဓိကကတော့သူတို့ Youtube Channel မှ ာဒီလူသတ်မှုအကြောင်းကို အခင်းဖြစ်ရာအထိသွားစုံစမ်းပြီ း ဖြစ်ရပ်မှန်အနေနဲ့ လူကြည့်များအောင် တင်ချင်တာပေါ့။ သူတို့လျှို့ဝှက်စုံစမ်းမှာကို သိသွားတဲ့ သူတို့ဆရာမကလည်း ဒီအကြောင်းအရာတွေစုံစမ်းတဲ့အခါ အုပ်ထိန်းသူရှိဖို့လိုအပ်လို့ သူတို့နဲ့အတူ လိုက်လာဖို့ဖြစ်လာခဲ့တယ်။အဲ့လိုလေးယောက်သား အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျသွားရောက်စုံစမ်းကြတဲ့ အခါမှာတော့ မထင်မှတ်ထားတာတွေ၊ထူးဆန်းအံ့သြဖွယ်ရာတွေ စပြီးဖြစ်လာပါတော့တယ်။သူတို့ ဘယ်လိုအံ့သြစရာတွေကြုံရမလဲ၊ တက္ကစီလူသတ်သမားကကောတကယ်ရှိတာလား ၊နောက်ဆုံးဘယ်လိုဖြစ်လာမလဲဆိုတာတော့ CM ပရိတ်သတ်ကြီး ကိုယ်တိုင်ခံစားကြည့်ရှုစေချင်ပါတယ်။ ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Moe Pwint ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်