Movie Name
Chalk N Duster (2016)
Year
2016
Generes
Drama
Code
00444
Type
Movie
Size
1.08 GB
Country
Bollywood
Description
” Chalk N Duster ဇာတ်ကားမှ ဖောက်ထွက်လာသော အတွေးများ “ •••••••••••••••••••••••••••“ငါတို့တတွေဟာ ပညာရေးရဲ့ လင်းရောင်တန်ဆာ ဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိ တိုင်အောင် တတ်စွမ်းသမျှလေး လင်းလက်ခဲ့ပါ့မယ် “[ Song lyrics] ကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့က သင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်း ဝါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။“ကျွန်မတို့က ဆရာမတွေ “ ______________________________ အမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးက ကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်ဝင်ခန်း တစ်ခန်းချင်း ကို ကိုယ့်ငယ်ဘဝနဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။ဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာ အပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။ဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။KB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့ အချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေ ကြား မသင့်မြတ်မှုလေးတွေက တစ်စ တစ်စ ကြီးထွားလာခဲ့တယ်။စာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေ မထားရှိမှုတွေ။ ဆရာမ ရဲ့ သားသမီးဖြစ်လင့်ကစား ကျောင်းလခ ပြန်လည် ကောက်ခံမှုတွေက အချို့ဆရာမ များအား အခက်တွေ့စေခဲ့ပါတယ်။တစ်နေ့မှာတော့ ဆရာမ Vidya ဟာ ကျောင်းသားတွေကို စာကူးခိုင်းနေတုန်း ခဏ နားနေမိခဲ့တယ်။ အဲ့ဒီနေ့က သူမဟာ နာမကျန်းဖြစ်နေသော်လည်း တကယ် စေတနာပါပါ သင်ကြားနေခဲ့တာပါ။ဒါပေမဲ့ ကျောင်းအုပ်ချုပ်ရေးမှူး က Vidya ကို အပြစ်ဆိုခဲ့ပါတယ်။ Vidya ရဲ့ မှတ်မိလွယ် သော သင်ကြားနည်းတွေက ရှေးရိုးဆန် လှကြောင်း / အင်တာနေရှင်နယ် မဆန်ကြောင်း ပြစ်တင်ပါတော့တယ်။ ဒီလိုနဲ့ အချေအတင်ဖြစ်ပြီး မကြာမီ Vidya ဆီ အလုပ်ထုတ်စာ ရောက်လာခဲ့တယ်။ အကြောင်းပြချက် က ဆရာမအရည်အသွေး မပြည့်မီတဲ့ အတွက်ပါတဲ့ဒီစာဟာ Vidya အတွက် စိတ်ထိခိုက်စေခဲ့ပါတယ်။ ယခင်ကတည်းက နှလုံးရောဂါ အခံရှိသူမို့ Shock ပါရသွားခဲ့ပါတယ်။ဒီလို အခြေအနေမှာတော့ ဆရာမ Jyoti ကပဲ ကူညီစောင့်ရှောက်ခဲ့ရပါတယ်။ တစ်ဖက်မှာလဲ Vidya ရဲ့ သမီးငယ် ရယ် ခြေမသန်ခဲ့တဲ့ တွန်းလှည်းပေါ်က ခင်ပွန်းရယ် က ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ကြပါတယ်။ဒါတွေဟာ တချို့ဆရာမတွေရဲ့ အခြေခံ ဘဝတွေပါ။စာသင်လာကြတဲ့ ကလေးတွေကို ပြုံးပြတဲ့အခိုက်မှာမိသားစု ပြဿနာတွေကို သူတို့ခမျာ ခေါက်ရိုးချိုး ထားတတ်ကြပါတယ်။ အဆင်မပြေပေမယ့် အဆင်ပြေပြေ နေခဲ့ကြတယ်။ဒါ့အတွက် ဆရာ / ဆရာမတွေ မည်သည်များ ပြန်လည် ရရှိခဲ့ပါသလဲ။ချမ်းသာလောက်တဲ့ ငွေကြေးလား။ တပည့်တွေ မမေ့ကြတဲ့ ပြန်လည်သတိရမှု မျိုးလား။ လေးစားမှုတရားလား။ဒီဇာတ်ကားဟာ အတွေးပေါင်းများစွာနဲ့ပါ။ ဆရာမတွေအတွက်ရော တပည့် ဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်တို့အားလုံး အတွက်တစ်ခါတည်းပစ်လိုက်တဲ့ ခဲလုံးလေးပါ။အခုလည်း ဆရာမ Vidya ရဲ့ အလုပ်ထုတ်ခံရမှုက မီဒီယာထက်မှာပဲ ဟိုးလေးတကျော် ဖြစ်ခဲ့ရပါပြီ။ 28 နှစ်ကျော် လုပ်သက်ရှိတဲ့ Vidya ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ တပည့်တွေက ဆရာမအပေါ် ပြန်သိတတ်ပုံတွေကလည်း တမျိုးလေး ချစ်စရာကောင်းနေပါတယ်။ဒီလိုနဲ့ အိန္ဒိယပညာရေးအပေါ် မေးခွန်းထုတ်လာမှုတွေကြားမှာ Vidya နဲ့ Jyoti တို့ အတူလက်တွဲပြီး ဖြေရှင်းခဲ့ကြပါတယ်။ ဆရာမတစ်ယောက်ရဲ့ ပြင်ပ ဗဟုသုတ ပြည့်ဝမှု / အရည်အချင်း ပြည့်စုံနေမှု ကို လည်း သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ဒီဇာတ်ကား ရဲ့ ပြင်ပဗဟုသုတ စမ်းသပ်ပုံတွေကလည်း စိတ်ကူးဆန်းလှပါတယ်။” ဒလိုင်းလားမား ရဲ့ နာမည်အဓိပါ္ပယ်” “Yahoo ရဲ့ အရှည်ကောက် “ ” လွတ်လပ်ရေး သီချင်းအကြောင်း “ အစရှိတဲ့ မေးခွန်းတွေပါ။ဇာတ်ကားကြည့်ရင်း ဗဟုသုတလည်း ရခဲ့ပါတယ်။ဒါ့အပြင် ဒိုင်ယာလော့တွေကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ထိမိစေခဲ့တာပါပဲ။” မင်းတို့ကို ABC သင်ပေးတဲ့ ဆရာမ နာမည်တွေ မှတ်မိကြပါရဲ့လား “ဒီ ဒိုင်ယာလော့ဟာ အများကြီး တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အများကြီး တွေးမိစေခဲ့တယ်။မင်းသားဆိုလို့လည်း အဓိက မရှိ။ မင်းသမီးနေရာက ဆိုလို့လည်း နှင်းဆီပန်းနီနီနဲ့ ဆရာမ လည်း မဟုတ်ခဲ့။ “ငွေသော်တာ ရောင်ခြည် ” သီချင်းဆိုမယ့် သူလည်း မရှိခဲ့။ဒါဆို ဒီဇာတ်ကား ကြည့်ရင်း ဘာရမလဲ။အဓိက ကတော့ “ကျင့်ဝတ်နဲ့ လောဘတရားတွေ အကြောင်း ” ။” အိန္ဒိယ ကိုယ်ပိုင်ကျောင်း စနစ်တွေ “” ဆရာ တပည့် လေးစားမှုတွေ “” ဆရာစစ် ဆရာမှန်တစ်ယောက် ရဲ့ ဂုဏ်ဒြပ် တရား တွေ ” ကိုပဲ သိမြင်ရရှိစေမှာပါ။#အကယ်၍ဒါတွေမရခဲ့ရင်တောင် ငယ်စဉ်ဘဝက ဆရာ / ဆရာမ တစ်ယောက်ကို တော့ သတိရစေမှာတော့ အမှန်ပင် ဖြစ်ပါကြောင်း ။