Movie Name
Dhadak (2018)
Year
2018
Generes
Drama
Code
00445
Type
Movie
Size
1.10 GB
Country
Bollywood
Description
အချစ်နဲ့ ရင်းခဲ့တဲ့ တူနှစ်ကိုယ်ဘဝလေး။မမျှော်လင့်တဲ့ ကံဆိုးခြင်းတွေ မလာခင်ထိတော့ အေးချမ်းတာပေါ့။လှိုင်းတွေ လာတဲ့အချိန်ကမ်းပေါ်က သဲအိမ်တွေ ပြိုပျက်ပေးရမှာ သဘာဝပါပဲ။” မင်းအတွက် တစ်နေ့ကျရင် အိမ်ကြီး ထည်ထည်ဝါဝါဆောက်ပေးမယ် ““အိမ်ကြီး မလိုပါဘူး ငယ်ငယ်လေးကတည်းကနေခဲ့ဖူးပြီးပြီ၊အိမ်တစ်ဆောင်.. ငါတို့နှစ်ယောက်အတွက်ပဲထမင်းချက်ရမယ့် အိမ်တစ်ဆောင်ပဲ လိုချင်တာပါ “ ______________________________ဇာတ်လမ်းအကျဉ်း ———————– Dhadak ဆိုတဲ့ ကားလေးကအဆင့်အတန်း မတူတဲ့ ဘဝနှစ်ခုကြားကအချစ်စစ်ကို ဖော်ကျုးထားတဲ့ ကားကောင်းလေးပါ။မမျှော်လင့်ဘဲ သေနတ်ဆွဲမိခဲ့တဲ့ မိမိ၊ဘဝအတွက် အဆင်သင့် မဖြစ်သေးတဲ့ မိမိချစ်သူ၊မမျှော်လင့်ဘဲ အာဏာရလာတဲ့ ဖခင်၊အားလုံးက ကံစီမံရာအတိုင်း ယိမ်းကရပေမဲ့အသိမကြွယ်သေးတဲ့ လူငယ်အိမ်ထောင်သည်ဘဝမှာရှောင်ပြေးကြရင်း၊ ဘဝကို ရုန်းကန်ကြရင်းနဲ့စကားများရန်ဖြစ်ကြာတာလည်းယနေ့ခေတ်ရဲ့ ကိုယ်တွေ့ မြင်ကွင်း၊သတိထားစရာ ပညာယူစရာတွေပါ။ဒါပေမဲ့ သူတို့ဘဝမှာတော့ မမျှော်လင့်ဘဲ….——————-ဒရာမာပရိသတ်တွေ ကြွေတဲ့ Beyond the clouds ရဲ့မင်းသားချောက အဓိက ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး(အိန္ဒိယအေးသောင်း)နဲ့အတူ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။အိမ်ထောင်ပြုမယ့်သူတွေရော…အိမ်ထောင်ပြုပြီးစ ကြင်စဦးဇနီးမောင်နှံတွေပါအတုယူသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း…ယနေ့ခေတ် ရုပ်ရှင်အများစုမှာ ထည့်သွင်းနေကျဇာတ်သိမ်းနှစ်မျိုး ထည့်သွင်းပေးထားလို့အပျော်နဲ့ ဇာတ်သိမ်းနိုင်သလို.. အလွမ်းအဆွေးအငိုနဲ့လည်း ဇာတ်သိမ်းနိုင်မှာပါ။(သီချင်းစာသားတွေ ထည့်ရေးပေးချင်ပေမဲ့သီချင်းစာသားတွေ မူရင်းထဲ မပါလို့ ထည့်မရေးနိုင်ခဲ့ပါကြောင်း……)