-
Movie Name
-
Missing (2018)
-
Year
-
2018
-
Generes
-
Drama, Thriller
-
Code
-
00458
-
Type
-
Movie
-
Size
-
999 MB
-
Country
-
Bollywood
-
Description
-
ဒီတစ်ခါတော့ Channel Myanmarပရိသတ်ကြီးအတွက်ဘောလိဝုကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Missing (2018) ပါ။အချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။Ratingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။ အေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု…ဖခင်ဖြစ်သူ Sushantရယ် မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကိုအလည်အပါတ်ရောက်ရှိနေတာပါ။အဲ့ဒီခရီးစဉ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။နယ်မြေရဲတွေကိုသတင်းပို့တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူူး။အဲ့အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက်သံသယတွေဝင်ကာအခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။ဒီကလေးပျောက်ဆုံးသွားမှုအပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား?ဘယ်သူ့ပယောဂကြောင့်များပျောက်ဆုံးသွားခဲ့တာလဲ?ပြန်ရောတွေ့ပါ့မလား?စတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစားကြည့်ရှူသွားရမယ့်ကားလေးတစ်ကားပါ။ဒီကားလေးရဲ့နာမည်ကတော့ Missing (2018)ဖြစ်ပြီး CMပရိသတ်ကြီးအတွကိတင်ဆက်ပေးလိုက်ရပါတယ်။