-
Movie Name
-
Gank Your Heart
-
Year
-
2020
-
Generes
-
Romance
-
Code
-
SC0026
-
Type
-
Series
-
Size
-
19.1 GB
-
Country
-
China
-
Description
-
🌎ကမာ့္ဘထိပ်ဆုံးရောက်သည်အထိ မင်းကိုအဖော်ပြုပေးသွားမယ် 🏆 TYMMtv Chinese ပရိသတ်များကို ဒီတခါ တင်ဆက်ပေးချင်တာက E-Sport Gamer နဲ့ live အစီစဉ်တင်ဆက်သူရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် အပိုင်း 35 ပိုင်းပါဝင်ပြီး Romance၊ Youth၊ E-Sport အမျိုးစားဖြစ်ပြီး Rating အမြင့်ကိုရရှိထားတဲ့ ကားကောင်းလေးတကားပါ ဇာတ်လမ်းအကျဉ်းလေးကတော့...... ကျိရှန့်ခုန်း Legends Team ရဲ့Top-Solo ကစားသမား၊ နည်းဗျူဟာတွေအကွက်ဆင်ရာမှာ ဆရာတဆူဖြစ်ပြီး ထူးဆန်းစွာ E-Sport လောကမှာ နာမည်ပျက်ရှိသူတယောက် ချိုးရင်း တက်သစ်စ အင်တာနက်အစီစဉ်ကြေငြာသူ၊ E-Sport မှာ ကျွမ်းကျင်သူတယောက်ဖြစ်ဖို့ ရည်ရွယ်ထားသူ ချိုးရင်းဟာ International IConquer Game Contest ကို ပထမဆုံး Livestream တင်ဆက်ဖို့ Vancouver ကို သူမမရှိရှိတဲ့ငွေတွေကိုရင်းပြီး သွားရောက်ခဲ့ရာ ပြိုင်ပွဲဝင် Legends အသင်း၏ ရုပ်ချောပြီး မိန်းကလေး fans အများကြီးရှိတဲ့ ကျိရှန့်ခုံးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ရဲ့အထင်လွှဲမှုတွေနဲ့အစပြုခဲ့တဲ့ ဆက်ဆံရေးက နောက်ပိုင်း ဘယ်လိုချိုမြိန်တဲ့ချစ်ခြင်းမွေးဖွားလာမလဲ..... International IConquer Game Contest မှာ ချန်ပီယံရဖို့ ကျိရှန်းခုံးရဲ့အိပ်မက် ကျွမ်းကျင်တဲ့ Esport Commentar ဖြစ်ဖို့ ချိုးရင်းရဲ့အိပ်မက် သူတို့အိပ်မက်တွေကိုအကောင်ထည်ဖော်ဖို့ အချင်းချင်း အဖော်ပြုကာ အခက်ခဲတွေကို ဘယ်လိုကျော်ဖြတ်ပြီး ကမ္ဘာ့ထိပ်ဆုံးရောက်အောင်သွားကြမလဲဆိုတာတော့..... 🌟Main Casts အနေဖြင့်🌟 👉ကျိရှန့်ခုန်း {Wang Yi Bo} Legends Teams Top-Solo ကစားသမား <“UNIQ” အဖွဲ့ဝင်> (Love Actually, The Untamed) 👉ချိုးရင်း {Wang Zi Xuan} UXStar Video ရဲ့အစီစဉ်တင်ဆက်သူ (My Mr.Mermaid) 👉ဖေရှီး {Jerry Yan} VNG Team ခေါင်းဆောင်၊၊ တရုတ်ပြည် e-sport ရဲ့အလားလာရှိတဲ့ Mid-solo ကစားသမား (Mr.Swimmer, Time Teaches Me to Love Me) 👉လင်းရိရွှမ်း {Ding Guan Sen} Legends Team ရဲ့Support ကစားသမား၊ ကျိရှန့်ခုံး၏အခင်ဆုံးသူငယ်ချင်း (New Smiling Proud Wanderer) 👉လုယီယီ {Lu Xiao Yu} esport သတင်းထောက်၊ ချိုးရင်း၏ အခင်ဆုံးသူငယ်ချင်း (Take My Brother Away) ✨Supporting Cast✨ 👉🏻ကုဖန့် {Gao Tai Yu} Legends Teams ရဲ့အရင်ခေါင်းဆောင်၊ တရုတ်ပြည် E-sport ရဲ့အတော်ဆုံး Mid-Solo ကစားသမား၊ ကျိရှန့်ခုံးရဲ့ဆရာ (Emperor & Me) 👉🏻လော့ထျန်း {Harry Hu} တရုတ်ပြည်ရဲ့နာမည်ကြီးဆုံး esports commentator (The Mystric Nine, The Hunting Genius) 👉🏻ဖူမီရာ {Hanna} နာမည်ကြီးအဆိုတော်၊ ကျိရှန့်ခုံး၏ရည်းစားဟောင်း <“MIXX”အဖွဲ့ဝင်> (I Won't Get Bullied by Girls) 👉🏻ချောင်ရှင်း (Huang Xin Yao} အွန်လိုင်းအစီစဉ်တင်ဆက်သူ၊ ချိုးရင်း သူ့ထက်လွှမ်းမိုးမှာစိုး၍ မကောင်းကြံတိုက်ခိုက်သူ (Mr.Swimmer) Eng Sub မထွက်ပါသဖြင့် တရုတ်ဘာသာမှ ပြန်ဆို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီကားထဲက IConquer Game ကိုလည်း စိတ်ဝင်စားသူများ ဆော့ကြည့်ကြပါ