Movie Name
Red Letter Day (2019)
Year
2019
Generes
Comedy, Thriller
Code
04221
Type
Movie
Size
709 MB
Country
Hollywood
Description
လူတွေဆိုတာက တယောက်နဲ့ တယောက် ဆက်ဆံရေးတွေ ဘယ်လောက် ကောင်းပါတယ် ပြောပြော အချင်းချင်းကြားမှာ မကျေနပ်တာတွေ၊ ပြောရင် ပြဿနာတက်မှာ စိုးရိမ်လို့ မပြောပဲထားတာတွေ ရှိကြစမြဲပဲ မဟုတ်လား။ အဲဒီလို မကျေနပ်တာတွေကို ပြောလို့ရအောင် လမ်းစလေး ဖွင့်ပေးလိုက်ရင်ရော ဘာတွေ ဖြစ်ကုန်မှာလဲ။ Joker ပြောခဲ့သလိုပဲ ပြောရရင် Madness ,as you know, is a lot like gravity, all it takes is a little push ဆိုသလိုပဲ လူတွေ ရူးသွပ်ရမ်းကားကုန်ဖို့ တွန်းအားလေး နည်းနည်းလေးပဲ လိုတာ မဟုတ်လား။ အခု ဒီကားမှာတော့ ကွာရှင်းထားတာ မကြာသေးတဲ့ အမေတယောက်က သူ့သားနဲ့ သမီး ဆယ်ကျော်သက် နှစ်ယောက်နဲ့ အခြေချဖို့ ကြိုးစားနေတုန်းမှာ သူတို့ နေတဲ့အိမ်ရာတွေမှာ အနီရောင် စာအိတ်တွေ ရောက်လာပြီး သူတို့ စာထဲကလူတွေကို အချင်းချင်း သတ်ကြဖို့ တိုက်တွန်းထားတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်ကြမှာလဲ သူတို့စာထဲမှာပါလာတဲ့ သတ်ရမယ့်သူတွေကရော ဘယ်သူတွေလဲ လူတွေကရော ဘယ်ကမှန်းမသိတဲ့စာတွေ ရောက်လာပြီး စာထဲကပါတဲ့အတိုင်း သတ်ဖို့ ကြိုးစားကြမှာလား အချင်းချင်းကြားက ယုံကြည်မှုတွေကရော ဘယ်လိုဖြစ်လာမှာလဲ.. ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းက ဟာကွက်တွေနဲ့ သိပ်အကောင်းကြီးမဟုတ်ပေမယ့် ကြည့်ပြီးရင် တွေးစရာလေးတွေတော့ ရှိလာမှာပါ။