Movie Name
Synonyms (2019)
Year
2019
Generes
Comedy, Drama
Code
04222
Type
Movie
Size
1.13 GB
Country
Hollywood
Description
spree IMDB rating ( 6.6/10 ) ရရှိထားတဲ့ ဒါရိုက်တာ Nadav Lapid ရဲ့ Synonyms ဟာ ပုံမာန် မြင်တွေ့နေကျ ဇာတ်ကားတွေနဲ့ မတူပဲ တစ်မူထူးခြားပြီး ကွဲထွက်နေပါတယ် ။ မင်းသားအသစ်တစ်ယောက်ဖြစ်တဲ့ Tom Mercier က အစ္စရေးကနေ ပြင်သစ်ကို ထွက်ပြေးလာတဲ့ Yoav ( ယိုအက်ဗ် ) အဖြစ် သရုပ်ဆောင်ထားပါတယ် ။ Quentin Dolmaire နဲ့ Louise Chevillotte ကလည်း ပဲရစ်က ယိုအက်ဗ်ကို ကူညီပေးတဲ့ စုံတွဲအဖြစ် ပါဝင်ထားပါတယ် ။ ပုံမှန် မြင်တွေ့နေကျ ဇာတ်ကားမျိုးမဟုတ်ပဲ ရှုထောင့်အသစ်တွေကနေ ခံစားကြည့်ရှုရမယ့် Drama ကားလေးတစ်ကားပါ သူ့နိုင်ငံ ၊ သူ့ရဲ့ ဘဝဟောင်းကနေ ထွက်ပြေးပြီး ပြင်သစ်ကို မျှော်လင့်ချက်တွေ အပြည့်နဲ့ ရောက်လာခဲ့တဲ့ ယိုအက်ဗ် ။ သူ ပဲရစ်ကို ရောက်ရောက်ချင်းမှာ သူပိုင်ဆိုင်သမျှပစ္စည်းတွေ အခိုးခံခဲ့ရပြီး ကိုယ်လုံးတီးနဲ့ ဒုက္ခရောက်နေရာကနေ ကယ်တင်ရှင် စုံတွဲတစ်တွဲနဲ့ တွေ့ခဲ့ရတယ် ။ အဲ့ဒီ စုံတွဲနဲ့ ယိုအက်ဗ်တို့ကြား ဖြစ်လာတဲ့ သံယောဇဥ်တွေ .. ။ ယိုအက်ဗ်တစ်ယောက် ပြင်သစ်မှာ ဘာတွေ ဆက်ပြီးကြုံတွေ့ရဦးမလဲ .. ဆိုတာတော့ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှု ခံစားကြပါရှင်