Movie Name
True Fiction (2019)
Year
2019
Generes
Horror
Code
04226
Type
Movie
Size
904 MB
Country
Hollywood
Description
ဒီရုပ်ရှင်ကို ဒါရိုက်တာ Braden Croftကရိုက်ကူးထားပြီး သည်းထိတ်ရင်ဖိုရုပ်ရှင်လောကရဲ့ ဂန္တဝင်မြောက်လက်ရာတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်သစ်သည်းထိတ်ရင်ဖိုအနုပညာလက်ရာတစ်ခုလို့ဆိုလို့ရပါတယ်။ True fictionဆိုတဲ့ အမည်အတိုင်း ဒီရုပ်ရှင်ဟာ စိတ်ကူးယဥ်ဝတ္ထုလောကကို အခြေတည်ထားတယ်။ ဒီဇာတ်လမ်းမှာ Avery Maloneလို့ခေါ်တဲ့ အထီးကျန်စာကြည့်တိုက်မှူးလေးက စာရေးရာမှာ စိတ်အားထက်သန်ပြီး သည်းထိတ်ရင်ဖိုဝတ္ထုတွေကိုရေးတဲ့ စာရေးဆရာ Caleb Conradကို သူမရဲ့ Heroအဖြစ် သဘောထားပါတယ်။ သူမက Calebအတွက် လက်ထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ အခွင့်အရေးရလာခဲ့တယ်။ ဒီတော့ Averyဟာ လူထုကိုမျက်နှာမပြဖူးတဲ့ သူမရဲ့Heroနဲ့ တွေ့ဆုံပါတော့တယ်။ Calebက လက်ထောက်အလုပ်မဟုတ်ဘဲ ကစားပွဲတစ်ခုမှာ ကစားသူအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းလိုက်တဲ့အခါမှာ Averyက မဆိုင်းမတွ လက်ခံလိုက်တာပေါ့။ Calebက ကစားပွဲကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ၊ ကိုယ်ရေးကိုယ်တာမေးခွန်းတွေနဲ့ စတင်ပြီး Averyရဲ့ အကြောက်တရားကို ထိန်းချုပ်စမ်းသပ်ပါတော့တယ်။ လက်တွေ့ဆန်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အပြောင်းအလဲကြောင့် လက်တွေ့ဆန်မှုကနေ ရူးသွပ်မှုအဖြစ်အသွင်ပြောင်းလာတဲ့နောက်မှာတော့ ဘာတွေ ဘယ်လိုဆက်ဖြစ်လာမလဲ။ ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်က ပရိသတ်ကြီးကို မေးခွန်းတွေအများကြီးနဲ့ ကျန်ရစ်စေမှာပါ။ ကြည့်နေရင်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မခန့်မှန်းဘဲနေနိုင်ကြမှာမဟုတ်ပါဘူး။ အမှန်တရားနဲ့ စိတ်ကူးယဥ်မှု၊ ဇာတ်လိုက်နဲ့ လူဆိုး ဆိုတဲ့ သတ်မှတ်ချက်တွေက တည်မြဲနေပါ့မလား။ အဆုံးသတ်က ခန့်မှန်းထားသလိုဖြစ်လာမလား။ စိတ္တဇဆန်ဆန် ခြောက်ခြားမှုတွေ၊ အထိတ်တလန့် ရင်ဖိုမှုတွေကို ကြိုက်နှစ်သက်သူ horrorပရိတ်သတ်ကြီးကို ဒီရုပ်ရှင်က စိတ်ပျက်စေမှာမဟုတ်ပါဘူး။