Movie Name
The Way Back (2020)
Year
2020
Generes
Drama, Sport
Code
04238
Type
Movie
Size
1 GB
Country
Hollywood
Description
The Way Back(2020) IMDb….7.1,,,,,,Rotten….83% (unicode) ဒီကားမှာ ဘန်အဲဖလက်ကို ဘတ်စကတ်ဘောနည်းပြကြီးဂျက်ကန်နင်ဟန် အဖြစ်တွေ့မြင်ရမှာပါ …..ဂျက်ဟာ လူမှုရေးပြဿနာပေါင်းစုံကြောင့် စိတ်ထောင်းလို့ကိုယ်ကျေပြီး ကြုံရာကျပန်းအလုပ်တွေလုပ်နေတဲ့ မျှော်လင့်ချက်ကင်းမဲ့တဲ့ လူသားတစ်ယောက်ပါ ….. မိန်းမနဲ့လဲအဆင်မပြေ မိသားစုပေါ်လဲနားမလည်ပေးနိုင်တဲ့ဂျက်တစ်ယောက် ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပြီး မနက်ဆိုလဲဘီယာလေးနဲ့ အလုပ်ချိန်မှာလည်း ဘီယာလေးတမြမြနဲ့ အလုပ်သိမ်းပြန်တော့ ဘားလေးဒိုးပြီး တချိန်လုံး စိတ်ဒဏ် ရာတွေကိုအရက်နဲ့ကုစားနေရတဲ့ လူတစ်ယောက်ပါ ….. ဘာအလုပ်မှမယ်မယ်ရရတစ်ထိုင်တည်းမလုပ်ပဲ အရက်ချည်းသောက်နေတဲ့ ဂျက်ဆီ တစ်ချိန်ကသူအောင်ပန်းဆင်ခဲ့တဲ့ ဘတ်စကတ်ဘောလောက ကလူတစ်ယောက်နည်းပြလုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ် ….. သူ့ဆီကမ်းလှမ်းတဲ့သူက Church ကျောင်းကဘုန်းတော်ကြီးဒဗိုင်းပါ …. ခရစ်ယန်ဘာသာရေးဘတ်စကတ်ဘောအဖွဲ့ ကို စိတ်ဒဏ် ရာရပြီးအရက်နဲ့လက်မပြတ်တဲ့ဂျက်ကိုမှ ဘယ်လိုနားလည်မှု ၊ ဘယ်လိုယုံကြည်ကိုးစားမှုတွေနဲ့ ဘစ်ရှော့ဟေးဆိုတဲ့အညတရဘတ်စကတ်ဘောအသင်းကို နည်းပြဖို့ ငှါးတယ်မသိပါဘူး… သူ့အပေါ်ယုံကြည်တဲ့သူတွေကို တစ်ချိန်ကရှိခဲ့ဖူးတဲ့အရည်အချင်းတွေနဲ့ ထိပ်ဆုံးထိပြန်ပို့နိုင်မလား…..မူးရူးပေတေနေတဲ့ ဘဝကနေရုန်းထွက်ပြီး အားလုံးကို အံအားသင့်အောင်ပြန်လည်စွမ်းဆောင်နိုင်မလားဆိုတာကိုတော့…. IMDb မှာ 7.1 Rotten Tomatoes မှာ 83% နဲ့လတ်လတ်ဆတ်ဆတ်ကြီး မင်းသားကလဲ Ben Affleck ဆိုတော့အထူးညွှန်းစရာလိုမယ်မထင်တော့ပါဘူး