Movie Name
Resistance (2020)
Year
2020
Generes
Biography, Drama
Code
04252
Type
Movie
Size
906 MB
Country
Hollywood
Description
Resistance ဆိုတဲ့နာမည်နဲ့ အရင်ကလည်း သမိုင်းနောက်ခံဒရမ်မာကားလေးတွေ ထွက်ရှိခဲ့ဖူးပါတယ်။ဒီကားလေးကလည်း သမိုင်းနောက်ခံဒရမ်မာ ကားကောင်းလေးတစ်ကားပါ။ အရင်ဇာတ်ကားတွေနဲ့မတူ တစ်မူထူးခြားတဲ့ ဇာတ်ကွက်လေးတွေပါတာကိုလည်း တွေ့မြင်ရမှာပါ။ ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်တော့ ဒုတိယက မ္ဘာစစ်အတွင်းမှာ ဂျူးလူငယ်တစ်ချို့ကနေ နာဇီတွေသူတို့မိဘတွေကိုသတ်လိုက်လို့ မိဘမဲ့ဖြစ်သွားတဲ့ ဂျူးမိဘမဲ့ကလေးတွေကို ပြင်သစ်ရဲ့နာဇီတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ရက်စစ်စတန့်အဖွဲ့ပေါင်းပြီး ကယ်ကြတဲ့အကြောင်းလေးပါ။ ထူးခြားတာက ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့မာဆယ်က စစ်မတိုက်တတ်သလို စစ်တိုက်လူသတ်ရတာကိုလည်းမနှစ်သက်တဲ့သူပါ။ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့လူရွှင်တော်ပန်းချီဆရာတစ်ယောက်ပါ။ ပြီးတော့လူတိုင်းကသူ့ကိုတစ်ကိုယ် ကောင်းဆန်တဲ့သူလို့သတ်မှတ်ထားခြင်းခံရတဲ့လူပါ။ ဒါပေမဲ့သူကဒီမိဘကလေးတွေကို တွေ့လိုက်ရတဲ့အချိန်ကစပြီး သူ့အသက်ကိုတောင်စွန့်ပြီးက လေးတွေကိုကယ်ချင်ခဲ့ပါတယ်။ ဒါကြောင့်ဒီဇာတ် ကားထဲမှာ သူ့ရဲ့စိတ်ထားမွန်မြတ်မှု နာဇီတွေရဲ့ရက်စက်မှု စစ်ပွဲအတွင်းဂျူးလူမျိုးတွေရဲ့ဆင်းရဲ ဒုက္ခတွေကို စိတ်၀င်စားဖွယ်တွေ့ရှိရမှာပါ။ ဒါ့အ ပြင်စကားလုံးတွေထက်လေးနက်တဲ့အမူအရာသ ရုပ်ဆောင်ချက်တွေကို ဂရုဏာအပြည့်နဲ့ကြည့်ရှုခံစားခွင့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။