-
Movie Name
-
The Divine Fury (2019)
-
Year
-
2019
-
Generes
-
Action, Horror, Thriller
-
Code
-
04256
-
Type
-
Movie
-
Size
-
1.12 GB
-
Country
-
Korea
-
Description
-
ဒီကားဟာ နာမည်ကြီး အတွင်းရေးမှုးကင်မ် ကားနဲ့လူတွေသိကြတဲ့ Park Soe John ရဲ့ထပ်မံပြီးတော့ သဲသဲလှုပ်ဝန်းရံခံခဲ့ရတဲ့ကားပါ ဒီကားကိုရိုက်တဲ့ဒါရိုက်တာကလဲ သိပ်မကြာသေးခင်ကမှ နာမည်ကြီးထားတဲ့ Midnight Runners ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Kim Joo Hwanပါ ဟိုအရင်ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ခိုအားလား ဆိုတဲ့ကားကိုလဲသူပဲရိုက်ခဲ့တာပါ ဒီလိုမျိုးနာမည်ကြီးတွေရဲ့ပေါင်းစည်းမှုနဲ့ ကောင်းမကောင်းကတော့ ကိုယ်တိုင်ကြည့်ပြီးမှပဲဆုံးဖြတ်ပါတော့ IMDB ကတော့ rating 6.5 ပေးထားပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ဘုရားသခင်ကိုသက်ဝင်ယုံကြည်တဲ့သားအဖ၂ယောက် အဖေလုပ်သူက သေခါနီးအချိန်မှာ တကယ့်ကိုအားကိုးရာရှာတဲ့အနေနဲ့ဘုရားသခင်ထံဆုတောင်းပြီး သူ့အဖေက ပြန်မကောင်းလာပဲ တကယ်သေသွားတဲ့အခါ ဘုရားသခင်ကိုလဲ အယုံအကြည်မရှိတော့တဲ့ကလေးလေးတစ်ယောက် သူကြီးလာတဲ့အခါ ယုံကြည်မှုမရှိပဲကြီးပြင်းလာခဲ့ပေမယ့် ဘုရားသခင်ကို နက်နက်ရှိုင်းရှိုင်းယုံကြည်မှရနိုင်တဲ့အရာတွေ သူ့ဆီကိုရောက်ရှိလာတဲ့အခါ ဘာတွေဖြစ်မလဲကတော့ မ spoil တော့ပါဘူး ကြည့်ပါ အားရပါးရသာကြည့်လိုက်ကြပါ ပေးရတဲ့အချိန်နဲ့တော့တန်မှာပါ ဘာလို့ဆို ဘာသာပြန်ပေးတဲ့ကောင်မလေးကချောလို့ပါ (ဒီကားက English Sub က မမှန်သေးတဲ့အတွက် လုံးဝကွက်တိမမှန်သေးတဲ့ English Sub ရဲ့လိုအပ်တဲ့ နေရာတွေကို Korea စကားကို နားထောင်ပြီး အဆင်ပြေသလိုပြန်ထားရတဲ့အတွက် အမှားများပါခဲ့ပါက သည်းခံကြည့်ရှု့ပေးပါနော် …)