Movie Name
Poot Pitsawat (ဘဝခြားကသံယောဇဉ်)
Year
2019
Generes
Drama, Fantasy, Romance
Code
ST0131
Type
Series
Size
11.2 GB
Country
Thai
Description
Poot Pitsawat ภูตพิศวาส ( 2019 ) ပရိတ်သတ်ကြီးကို အခုတခါတင်ဆက်ပေးမှာကတော့ လတ်တလောရေပန်းစားနေပြီး နာမည်ကြီးနေတဲ့ ထိုင်း သွေးစုပ်ဖုတ်ကောင်ကားလေးပဲဖြစ်ပါတယ် မင်းသားချောlm Thanapat Kawila နဲ့ မင်းသမီးချောAnchasa Mongkhonsamai တို့က ခေါင်းဆောင်အဖြစ်အဓိကပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်ကာလ အာရှတိုက်ကို စစ်ကြီးကူးစက်လာခဲ့တော့ ထိုင်းနိုင်ငံ ကန်ချန်နာဘူရီ နယ်စပ်အနီး ရှဲန်တိုက်ရွာမှာတည်ရှိတဲ့ ဂျပန်တွေရဲ့ မီးရထားလမ်းကို ပစ်မှတ်ထားခဲ့ကြတယ် ဒေသခံတွေဟာ စစ်ဘေးဒဏ်ကိုအလူးအလဲခံကြရပြီး အစာရေစာ ရှားပါးလာကာ သူခိုးတွေထူထပ်ပေါများလာတော့တယ် ဒေသခံတွေ အားကိုး အားထားပြုရတဲ့ ဆရာစန်ဟာ သူခိုးဓားပြရန်ကာကွယ်နိုင်ရန် ယုံကြည်ရတဲ့ တပည့်တွေကို အင်းတွေထိုးပေးခဲ့တယ် အင်းထိုးပေးခံရတဲ့သူဟာ သီလလုံရမှာဖြစ်ပါတယ် သီလမလုံတဲ့တပည့်ဟာ ဆရာစန်ရဲ့ ကျိန်စာကြောင့် ဖုတ်ကောင်ကြီး ဖြစ်သွာပြီး မအိုမနာမသေဘဲ နေရာင်ခြည်မခံနိုင်တဲ့အပြင် ရှဲန်တိုက်ရွာအပြင်ကိုလဲ ထွက်မရဘဲ ပိတ်မိသွားတော့တယ် ဖုတ်ကောင်မိစ္ဆာကြီး ဟာ လူအယောက် ၁သိန်းရဲ့ သွေးကိုသောက်မှ နေရောင်ခံပြီး ရွာအပြင်ကို သွားလာနိုင်မှာဖြစ်ပါတယ် ဒါကြောင့် တပည့်လေးယောက်ကိုရှာပြီး လပြည့်နေ့တိုင်း သွေးဆက်သစေခဲ့ပါတယ် တနေ့ ဒေါင်ဆိုတဲ့ ကောင်မလေးနေတဲ့ရွာကို ဗုံးတွေကျဲတော့ သူတို့သားအမိနှစ်ယောက် ဗုံးခိုကျင်းဆီကို ပြေးခဲ့ကြတယ် အမှတ်မထင်ဘဲ ဖုတ်ကောင်ကြီးဟာ သူ့အမေကို ဖမ်းမိသွားခဲ့တယ် အမေကိုသိပ်ချစ်လွန်းတဲ့သူမဟာ သူ့အမေအစား အသေခံ ခဲ့တယ် ရုပ်ရည်ချောမောလွန်းတာကြောင့် ဖုတ်ကောင်ကြီး ကမသတ်တော့ဘဲ ဖုတ်ကောင်အဖြစ်ပြောင်းပြီး သူ့တပည့်အဖြစ်ထားရှိကာ သွေးကိုဆက်သစေခဲ့တယ် ၅၆နှစ်အကြာ သူဌေးကြီးခွန်ကို မွတ်နဲ့ သားဖြစ်သူ မာလွတ်တို့ ရှဲန်တိုက်ရွာဘေးက ကျံဟွမ်တောကြီးကို ရေမွှေးထုတ်ရန် လာလည်ပတ်ခဲ့ကြတယ် လှည့်လည်ကြည့်ရင်း လူကွဲသွားကြတယ် တဖြေးဖြေး ညရောက်သွားခဲ့ပြီး သူဌေးကြီး ဟာ ဖုတ်ကောင်ကြီးကြောင့် သေဆုံးခဲ့ရတယ် မာလွတ်ကိုတော့ လောဝ်ကဖွက်ထားပေးခဲ့လို့ အသက်ချမ်းသာရာရခဲ့တယ် နောက် ၁၅အကြာ မာလွတ်ဟာသူ့အဖေ သေဆုံးခြင်းအဖြစ်အပျက်ကိုလုံးဝမေ့မရဘဲဖြစ်နေခဲ့တယ် ကျံဟွမ်အနံ့မွှေးတဲ့ကောင်မလေးကိုကော သူလိုက်ရှာနေခဲ့တယ် သူ့အဖေဆန္ဒအတိုင်း ကျံဟွမ်းပန်းရေမွှေး လုပ်ဖို့တပည့်ဖြစ်သူကို ရှဲန်တိုက်ရွာကို ကိုယ်စားလှယ်ဖြစ်စေခိုင်းခဲ့တယ် နောက်နေ့မှာ တပည့်ဖြစ်သူ လည်ပင်းမှာကိုက်ရာနဲ့ သေဆုံးသွားခဲ့ရတာကြောင့် သူက လူသတ်သမားဟာ သူ့အဖေကိုသတ်တဲ့သူနဲ့အတူပဲလို့ သံသယ ဝင်လာပြီး လက်စားချေဖို့လုပ်တဲ့အခါမှာတော့ သူ့အဖေအတွက်လက်စားချေနိုင်မှာလား အမှတ်မထင်တွေ့ဆုံမိတဲ့ လောဝ်ချစ်ကြိုက်မိသွားတဲ့အခါမှာကော ဘာတွေဆက်ဖြစ်မှာလဲ ဆိုတာတော့